မေမေအေသင်ကတော့ Ivy ရဲ့ ပြောင်းလဲလာမှုလေးတွေကိုကြည့်ပြီး ချစ်မဝ ဖြစ်လို့နေပါတယ်။ Ivy ရဲ့ အပြုအမှုလေးတွေက သူမအတွက် အမောပြေစေတယ်တဲ့။
Photo : အေသင်ချိုဆွှွေ
အေသင်ချိုဆွေက ဘယ်သွားသွား သမီးလေးကို အမြဲတမ်း ခေါ်သွားတတ်သူဖြစ်ပြီး သမီးလေးကို ကြည့်ပြီး ချစ်မဝ ဖြစ်လို့နေပါတယ်။ သမီးလေးရဲ့ ပြောင်းလဲမှုလေးတွေက သူမကို အသစ်အဆန်းလေးတွေ ဖြစ်စေပြီး သမီးလေးကြောင့်ပဲ သူမရဲ့ တစ်နေ့တာ ပင်ပန်းမှုလေးတွေက ပြေပျောက်စေတယ်လို့ ဆိုပါတယ်။
“မနေ့က သီချင်းသွားသွင်းတယ်နော် သူလိုက်လာပါတယ် ဘယ်လိုတွေကဲပြီး ဘယ်လိုတွေလိုက်ရှုပ်လဲဆိုတာ ဟွင်းဟွင်း တနေ့တနေ့ စိတ်ပန်း လူပန်းဖြစ်ရတာကတမျိုး သူ့ရဲ့ action တွေကြည့်ပီး အမောပြေရတာကတမျိုး စုစုပေါင်း ၂မျိုး” ဆိုပြီး မေလ(၁၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
အခုဆိုရင်တော့ Ivy လေးက တစ်နှစ်ကျော်လို့ နှစ်နှစ်တောင် ပြည့်တော့မှာပါ။ အမေကိုကပ်လွန်းတဲ့ Ivy လေးကို အဘွားဖြစ်သူကတောင် မနိုင်တော့ပါဘူးတဲ့။
‘’လမ်းလျှောက်တတ်တဲ့အချိန်ကစပြီး တဖြည်းဖြည်းနဲ့ သိတာ၊ တတ်တာတွေကလည်း မြန်လိုက်တာ။ အမေကို အကပ်ဆုံးဆိုတော့ ခွါလို့ကိုမရဘူး။ အိမ်မှာ သူချစ်တဲ့ ဦးလေးကလည်း ခဏပြန်သွားတော့ ပိုသိသာတယ်၊ ဒီအမေပဲ ကပ်တော့တယ်။ သူ့အဘွားလည်း မနိုင်တော့ဘူး’’ ဆိုပြီး သူမရဲ့ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။
အေသင်ချိုဆွေ က အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေသိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။
အေသင်ချိုဆွေက ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေတာကို တွေ့ရပါတယ်။