မေမေ အေသင်ချိုဆွေ တစ်ယောက် သမီးလေး Ivy နဲ့ အတူရှိချိန်ဆို စိတ်ညစ်ချိန်တောင်မရဘူးလို့ ဆိုပါတယ်။ လည်လွန်း တတ်လွန်းတဲ့ သမီးလေးအကြောင်း ပြောပြလာပါတယ်။
Photo: အေသင်ချိုဆွေ
အဆိုတော် အေသင်ချိုဆွေက သမီးလေး Ivy ငယ်ငယ်က အကြောင်းတွေကိုပြောပြလာပါတယ်။ လသားအရွယ်ကနေ အခုချျိန်ထိ Ivy လေးရဲ့ ပြောင်းလဲမှုတွေကို ပြောပြထားတာပါ။
‘’အခုတလောမှာစိတ်ညစ်ဖို့တောင်အချိန်မရှိဘူး။ သူနဲ့ပဲနှစ်ပါးသွားနေရတာ။ မွေးခါစတုန်းက လသားအရွယ်ထိပေါ့။ ဂျီကလည်းမကျတတ်သေးဘူး၊ သိပ်ရင်လည်း ခနလေးနဲ့အိပ်တယ်၊ အင်း. အာဗြဲနဲ့ ငိုနေပီဆို နို့တောင်းတာ မဟုတ်ရင် ဒိုင်ပါလဲခိုင်းတာပဲ။ ကျန်တဲ့အချိန်တွေဆို အိပ်ရင်အိပ်နေ မအိပ်နေရင် မျက်လုံး၂လုံးနဲ့ ဟိုကြည့်လိုက်ဒီကြည့်လိုက်ပေါ့။ ၁နှစ်မကျော်ခင်အထိ Gymတွေဘာတွေ အေးဆေးဆော့ အပြင်တွေဘာတွေလဲ အေးဆေးသွားနိုင်သေးတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: အေသင်ချိုဆွေ
အခုဆိုရင်တော့ Ivy လေးက တစ်နှစ်ကျော်လို့ နှစ်နှစ်တောင် ပြည့်တော့မှာပါ။ အမေကိုကပ်လွန်းတဲ့ Ivy လေးကို အဘွားဖြစ်သူကတောင် မနိုင်တော့ပါဘူးတဲ့ ။
‘’လမ်းလျှောက်တတ်တဲ့အချိန်ကစပြီး တဖြည်းဖြည်းနဲ့ သိတာ၊ တတ်တာတွေကလည်းမြန်လိုက်တာ။ အမေကို အကပ်ဆုံးဆိုတော့ ခွါလို့ကိုမရဘူး။ အိမ်မှာ သူချစ်တဲ့ ဦးလေးကလည်း ခဏပြန်သွားတော့ ပိုသိသာတယ်၊ ဒီအမေပဲ ကပ်တော့တယ်။ သူ့အဘွားလည်း မနိုင်တော့ဘူး’’ ဆိုပြီးတော့ ဆက်လက် ပြောပြထားပါသေးတယ်။
Photo: အေသင်ချိုဆွေ
အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ လည်လွန်းတတ်လွန်းတဲ့ ကလေးလေး ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုလို့နေပါတယ်။
Photo: အေသင်ချိုဆွေ
အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေသလို မကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။