အေသင်ချိုဆွေက Ivy (၅)လအရွယ်တုန်းက ပုံလေးတွေကို ကြည့်ရင်း ချစ်မဝ ဖြစ်လို့နေပါတယ်။ အခုလည်း သမီးလေး ငယ်ငယ်က ပုံလေးတွေကို အမှတ်တရဖြစ်အောင် သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ပြီး ဝေမျှထားပါသေးတယ်။
အဆိုတော် အေသင်ချိုတွေက Ivy လေးရဲ့ ပုံလေးတွေကို တင်ပြီး ခံစားချက်လေးတွေကို ပြောပြထားတာတွေ့ရပါတယ်။ ဗိုက်ထဲမှာ ရှိနေကတည်းက ဘယ်လိုပုံစံလေးများ ဖြစ်မလဲဆိုပြီး တွေးရင်းနဲ့ ပျော်နေရတာလို့ ဆိုပါတယ်။
“ဗိုက်ထဲမှာရှိနေကတည်းက ချစ်ရတာ ဘယ်လိုပုံစံလေးများ ဖြစ်မလဲဆိုပြီး
တွေးရင်းနဲ့ကိုပျော်ရတာ တယောက်တည်းအထီးကျန်နေခဲ့ရတဲ့အချိန်တွေ
စကားပြောမယ့်လူ မရှိတဲ့အချိနိတွေဆိုဗိုက်ထဲက ivy လေးနဲ့စကားတွေပြောရင်း
ငိုလိုက်၊ရီလိုက်၊ပြန်အားတင်းလိုက်နဲ့ အခုအဲ့ဒါလေးပြန်တွေးမိပြီးတယောက်တည်းပြုံးနေမိတယ်၊” ဆိုပြီး သူမက မေလ(၃) ရက်နေ့ကသူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။
တစ်ကယ်တော့ သူမက စွန့်လွှတ်ခံခဲ့ရတာမဟုတ်ပဲ လွတ်မြောက်ခဲ့ရတာလို့ ဆိုပါတယ်။
“တကယ်တော့ကိုယ်က စွန့်လွှတ်ခံခဲ့ရတာမဟုတ်ဘူး၊ လွတ်မြောက်ခဲ့ရတာ၊ စစ်မှန်တဲ့ပျော်ရွင်ခြင်းကိုရလိုက်တာ။” ဆိုပြီး ဆက်လက်ပြောထားတာပါ။
အေသင်ချိုဆွေဟာ Ivy လေးရဲ့ ပုံတစ်ပုံချင်းဆီမှာ ရှိခဲ့တဲ့ အမှတ်တရလေးတွေကို ပြောရင်း သူမရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်ထားတာဖြစ်ပါတယ်။
အေသင်ချိုဆွေ က အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေသိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။
အေသင်ချိုဆွေက ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေတာကို တွေ့ရပါတယ်။