လှယဉ်ကျေးက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ အနုပညာရှင်ကြီး ဦးဝင်းဦး ကွယ်လွန်ခဲ့တဲ့ နှစ် ၃၀ ပြည့်မှာ လွမ်းဆွတ်မိတဲ့ အမှတ်တရ အကြောင်းတွေ ပြောပြလာပါတယ်. သူကိုယ်တိုင်ကလည်း ဦးဝင်းဦးကို အရမ်း အားပေးခဲ့တဲ့ အကြောင်းတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်.
ဒီဇင်ဘာလ ၁၄ ရက်နေ့ဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်ကြီး ဦးဝင်းဦး ကွယ်လွန်သွားတာ နှစ်ပေါင်း ၃၀ ပြည့်တဲ့ နေ့ ဖြစ်တယ်လို့ သရုပ်ဆောင် လှယဉ်ကျေးက ပြောပြလာပါတယ်. လှယဉ်ကျေးကတော့ ဦးဝင်းဦးရဲ့ ပရိသတ် တစ်ယောက်ဖြစ်လို့ သူအားပေးခဲ့ရတဲ့ အမှတ်တရ တွေကို ပြောပြလာပါတယ်.
''မိန်းမလှအမုန်း - ဝတ္ထုနဲ့ အသေကြွေသွားရပါသော စွယ်စုံရ အနုပညာရှင်ကြီး ဦးဝင်းဦး ကွယ်လွန်သွားခဲ့တာ မနက်ဖြန် ဒီဇင်ဘာလ ၁၄ရက်ဆို နှစ်ပေါင်း ၃၀ ပြည့်ပါပြီ။ မိန်းမလှအမုန်းက စလို့ ကြိုက်နှစ်သက်မိရာ Sandar magazine မှာပါတဲ့ ဇာတ်လမ်းတိုတွေပါ မွှေနှောက်ရှာဖွေပြီးဖတ်ခဲ့၊ ဖြုတ်သိမ်းခဲ့ တဲ့ထိပါပဲ''ဆိုပြီးတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.
စွယ်စုံရ မင်းသားကြီး ဦးဝင်းဦးကို အားပေးဖြစ်ခဲ့တဲ့ အနုပညာတွေကိုလည်း လှယဉ်ကျေးက ပြောပြလာပါတယ်. သူ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ရတဲ့ ဦးဝင်းဦးနဲ့ အမှတ်တရတွေကိုလည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်
"သရုုပ်ဆောင်တာထက်၊ စာပေနဲ့၊ ဒါရိုက်တာလုပ်တာ၊ သီချင်းဆိုတာကို ပိုကြိုက်ခဲ့ပါတယ်။ မဖြစ်နိုင်မှန်းသိပေမယ့် ငါ့ကို ဝင်းဦးဝင်စားပြီး သူ့အနုပညာအစွမ်းတွေ အမွေရရင် ကောင်းမယ်ဆိုတဲ့ထိ ရူးသွပ်ခဲ့ပါတယ် but သူမဆုံးခင် ကိုယ်မွေးတာမို့ ဘယ်လိုမှ မဖြစ်နိုင်မှန်းသိပေမယ့် လည်း စိတ်ကူးယဉ် တာ ပိုက်ဆံမှ မကုန်ပဲလေနော်'' လို့ ဆိုပါတယ်.
သရုပ်ဆောင်လှယဉ်ကျေး ကို မောင့်အိမ်သူ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက် မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားထဲမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေအများကြီးရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း သူမက ကိုယ်ပိုင် ဇာတ်ညွှန်းလေးတွေ ရေးဖြစ်နေတယ်လို့ ဆိုပါတယ်.
လှယဉ်ကျေး ဟာဆိုရင် မြန်မာနိုင်ငံ အတွက်ပထမဦးဆုံးသောနိုင်ငံတကာအလှမယ်သရဖူ Miss Heritage 2014 -International Crown ကို မြန်မာနိုင်ငံအတွက်ပထမဦးဆုံးရယူပေးနိူင်ခဲ့တဲ့ အလှမယ်တစ်ဦး ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတာဖြစ်ပြီး Laural Art အနုပညာ သင်တန်းကျောင်းမှာလည်း တက်ရောက်ပညာသင်ကြားခဲ့တယ်လို့ သိရပါတယ်.
Photo: လှယဉ်ကျေး