မိခင်ဖြစ်သူကို လိုလေသေးမရှိအောင် ထားနေပြီဖြစ်ပါတယ်။

J-Fire ဟာ မိခင်ဖြစ်သူကို တစ်နေ့ထက်တစ်နေ့ စိတ်ချမ်းသာအောင်၊ လိုလေသေးမရှိအောင် ပြုစုချင်တဲ့ ဆန္ဒတွေကို ပြောပြလာပါတယ်။ အမေ့အတွက် ရည်ရွယ်ပြီး အလုပ်တွေလည်း အရင်ကထက်ပိုကြိုးစားမယ်လို့ ဆိုပါတယ်။ 

Photo: Aung Ko Nyein

အဆိုတော် J-Fire က သူ့မိခင်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ သားသမီးတွေ အတွက် အလုပ်တွေ ရုန်းကန်ခဲ့ရတဲ့ မိခင်အတွက် အလုပ်တွေ ပိုကြိုးစားမယ်လို့ သူကဆိုပါတယ်။

‘’တစ်လောကလုံး ယုံကြည်ရတဲ့သူတွေတစ်ယောက်မှမရှိတော့ ရင်တောင်မှ အမေ့ကို ယုံကြည်လို့ရသေးတယ်။ စိတ်ဓာတ်တွေကျပြီး ပြန်မထချင်ရင်လည်း ကိုယ့်ကိုအားကိုးတဲ့ အမေ့အတွက်ဆက်ရှင်သန်ရဦးမယ်။ စီးပွားရေးအဆင်မပြေသွားတဲ့ အချိန် မော်ထဲမှာသတ္တိရှိရှိအလုပ်တွေလုပ်ပြီး ကျောင်းဆက်တက်ဖို့ ပိုက်ဆံပို့မယ်ပြောခဲ့တုန်းက အချိန်တွေ ပြန်တွေးမိတိုင်း သားအခုခွန်အားကိုနှစ်ဆသုံးပြီး ကြိုးစားဖြစ်တယ်အမေ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၀၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့မယ်။

Photo: EXIT

J-Fire ဟာ လက်ရှိမှာတော့ မန္တလေးမြို့မှာ မိခင်နဲ့ အတူနေထိုင်တာဖြစ်ပါတယ်။ အရမ်းချစ်ရတဲ့ အမေကို စိတ်ချမ်းသာအောင် ထားခွင့်ရပြီဖြစ်တဲ့ သူ့ရဲ့ ပီတိစကားကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

‘’အရမ်းချစ်တယ်အမေ။ အရင်က တနိုင်းဘက်မှာစစ်ဖြစ်တယ်ကြားရင် ဘယ်ကိုဆက်သွယ်လို့ ဆက်သွယ်ရမယ်မှန်းမသိ၊ အဆင်ပြေရဲ့လားမသိနဲ့ စိတ်ညစ်နေခဲ့ရတာ။ အခုတော့ ကျွန်တော်အိမ်ပေါ်မှာရှိနေတဲ့အချိန် အိမ်အောက်မှာ စားချင်တာတွေချက်စား TVက ကြိုက်တဲ့ အစီအစဉ်တွေ ကြည့်ရင်း အဲကွန်းခန်းထဲ FB သုံးနေတာကြည့်ပြီးအရမ်းစိတ်ချမ်းသာရပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: J-Fire

J-Fire က သူဖြတ်သန်းခဲ့ရတဲ့ ဘဝအခက်အခဲတွေကို ‘’ကောက်ရိုးလေး တစ်မျှင်’’ ဆိုတဲ့ MTV လေးမှာ ပုံဖော်ရိုက်ကူးခဲ့ဖူးပါတယ်။ ဒီသီချင်းကနေ တဆင့် ပရိသတ်အားပေးမှုများစွာရရှိခဲ့ပြီး အခုဆိုရင်တော့ မိခင်ကို လိုလေသေးမရှိအောင် ပြုစုလုပ်ကျွေးနိုင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။

‘’အမေ့တစ်ဘဝလုံး ဘာကိုမှလိုလေသေးမရှိအောင် လုပ်ကျွေးပြုစုရမယ်လို့တွေးမိပြီး ကျွန်တော်ဖြစ်တဲ့ ပီတိ ကိုတစ်နေ့ ဒီထက်ပိုပေါ်အောင်ပြောပြချင်ပါသေးတယ်။ နိုင်ငံအနံ့ နယ် Show တွေထွက်ဆိုရင်းလုပ်ကျွေးခွင့်ရအောင် အားပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို လည်းကျေးဇူးပါ’’ လို့ ဆိုပါတယ်။

Photo: J-Fire

J-Fire ကိုတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘’မန္တလေး တစ်ပင်ရွှေထီး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေကနေ မန္တလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘’ ကောက်ရိုးလေး တစ်မျှင်’’ Music MTV ကနေတဆင့် ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုကိုပါ တစ်ခဲနက် ရရှိခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က