Dare to Leap ဆောင်ပုဒ်နှင့်အညီ လူငယ်များအတွက်အဓိကဦးတည်ကာ Tech Trendsetting Lifestyle နည်းပညာများကို ဖန်တီးပေးနေတဲ့ realme ကနေပြီး World Music Day 2020 ကို ကြိုဆိုတဲ့အနေနဲ့ JOOX Music Platform နှင့်ပူးပေါင်းကာ JOOX World Music Day 2020 ကို လာမည့် ဇွန်လ ၂၁ ရက်နေ့မှာ “The Sound Of Happiness” ဆိုတဲ့အမည်နဲ့ Online Music Festival အဖြစ် ကျင်းပသွားမယ်လို့ သိရပါတယ်။
ယခုအစီအစဉ်ကို JOOX application မှတစ်ဆင့် တိုက်ရိုက် Live အဖြစ်တင်ဆက်သွားမှာဖြစ်ပြီး ပြည်တွင်း ဂီတအနုပညာရှင်များဖြစ်ကြတဲ့ ဝေလ, Big Bag, ဖြူဖြူကျော်သိန်း, ရွှေထူး, အိမ့်ချစ်, ဖြိုးပြည်စုံ, May နဲ့ ချမ်းမြေ့မောင်ချို တို့ပါဝင်မှာဖြစ်သလို နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင် ၈ ဦးတို့မှလည်း အားဖြည့်ဖျော်ဖြေသွားမှာပါ။
ထူးခြားသည့် Surprise အစီအစဉ်များကိုလည်း တိုက်ရိုက် Live ထုတ်လွှင့်ပေးနေသည့်အချိန် တစ်လျှောက်လုံး ထည့်သွင်းပေးထားပြီး ကြည့်ရှုသူပရိသတ်များအနေဖြင့် ပိုမိုပျော်ရွှင်ကြည်နူးစရာ ဂီတသံစဉ်များကို ကိုယ်ချစ်ခင်နှစ်သက်သည့်အနုပညာရှင်များနှင့် တိုက်ရိုက်ထိတွေ့နေသကဲ့သို့ ခံစားရစေမှာဖြစ်ပါတယ်။
ယခု “The Sound Of Happiness” အစီအစဉ်မှတစ်ဆင့် COVID-19 ကာကွယ်ကုသရေး လုပ်ငန်းများပါဝင်လုပ်ဆောင်နေတဲ့ UNICEF အဖွဲ့အစည်းသို့ လှူဒါန်းမှုများပြုလုပ်သွားမှာဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုနေကြတဲ့ Audience များက in-app မှတစ်ဆင့် Gift များကိုဝယ်ယူလှူဒါန်းနိုင်မှာ လည်းဖြစ်ပါတယ်။
Gift တစ်ခုလျှင် မြန်မာငွေ ၂ဝ ကျပ်နှင့်ညီမျှမည်ဖြစ်ကာ မိမိတို့စိတ်တိုင်းကျဝယ်ယူလှူဒါန်းနိုင်မှာပါ။
တိုက်ရိုက် Live ထုတ်လွှင့်မှုကို ဇွန်လ ၂၁ ရက်၊ နေ့လယ် (၁)နာရီမှ စတင်သွားမည်ဖြစ်ပြီး realme ထုတ်ကုန် Giveaway အစီအစဉ်များကိုပါ ဂီတသံစဉ်များနှင့်အတူ ရင်ခုန်ပိုင်ဆိုင်နိုင်မယ်လို့လည်း သိရပါတယ်။
realme Myanmar အနေနဲ့ ထူးခြားဆန်းသစ်တဲ့ AIoT ထုတ်ကုန်များကို များမကြာမီ မြန်မာပြည်မိုဘိုင်းစျေးကွက်အတွက် မိတ်ဆက်ပေးသွားဖို့ရှိနေပြီး ပိုမိုကောင်းမွန်တဲ့ Product Ecosystem နှင့်အတူ အရည်အသွေးပြည့်ဝတဲ့ Tech Trendsetting Lifestyle ကို စိတ်တိုင်းကျ ခံစားနိုင်စေမှာ ဖြစ်ပါတယ်။
(ဒီသတင်းကို realme မှပံ့ပိုးကူညီထားပါတယ်)