'' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားအတွက် ရင်ခုန်နေပါတယ်တဲ့။

''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကြာဥ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ မအေးသောင်းက သူ့ရဲ့ အကယ်ဒမီရင်ခုန်သံကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ဆုရတာ မရတာထက် ပိုကြိုးစားသွားမယ့် စိတ်ဓာတ်ရှိတယ်လို့ ဆိုပါတယ်။

''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၈ ခုနှစ်အတွက်အကယ်ဒမီ ဆန်ကာတင် စာရင်းဝင် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကြာဥ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ အေးဝတ်ရည်သောင်းက အကယ်ဒမီရင်ခုန်သံစကားကို Duwun Media ကနေ အခုလို ပြောပြလာပါတယ်။



'' မုန်းစွဲဇာတ်ကားအတွက်ကိုတော့ အမှန်အတိုင်းပြောရရင် ရင်ခုန်ပါတယ်။ ဇာတ်ကားဆုလည်း ရစေချင်တယ်ပေါ့နော်။ ဘာကြောင့်လည်း ဆိုတော့ အားလုံးကလည်းကြိုးစားထားကြတယ်။ ပေါက်စီတို့ ဇာတ်ကားတစ်ကားတည်း မဟုတ်ဘူး ဒီနှစ်အတွက် ဇာတ်ကားတွေကလည်း အကောင်းတွေပဲလေ အကုန်လုံးကိုတော့ ရစေချင်တယ်'' လို့ သူကဆိုပါတယ်။

အေးဝတ်ရည်သောင်းကိုတော့ ပရိသတ်တွေက ကြာဥ ကာရိုက်တာနဲ့ အကယ်ဒမီ ရစေချင်တယ်လို့ သိရပါတယ်။ ဒီလို ပရိသတ် တွေရဲ့ အားပေးမှုကြောင့် သူမကိုယ်တိုင်ကလည်း ရင်ခုန်နေတယ်လို့ ''ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' အကယ်ဒမီအတွက် ရင်မခုန်ဘူးလားဆိုတော့လည်း ရင်ခုန်တာပေါ့။ ရရင်တော့လည်း အတိုင်းထက်အလွန်ပျော်ရတာပေါ့။ တကယ်လို့ မရရင်လည်း ပေါက်စီအတွက် ထွေထွေထူးထူး ဝမ်းနည်းစရာဖြစ်သွားမှာ မဟုတ်ဘူး။ ပိုပြီးတော့ ကြိုးစားမယ်၊ ဒီဟာက အသိအမှတ်ပြုခံရတဲ့ တစ်ခုပေါ့နော်'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားဟာ အေးဝတ်ရည်သောင်းအတွက်တော့ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ကြာဥ ကာရိုက်တာအတွက်လည်း အများကြီး ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

'' တစ်ခါတလေကျရင် ကိုယ်ကြိုးစားလိုက်လို့ အကယ်ဒမီတော့ မရဘူး ဒါပေမယ့် ပရိသတ်အသိအမှတ်ပြုခံရတဲ့ ဇာတ်ကားတွေ လည်း ရှိခဲ့တယ်။ အကယ်ဒမီကတော့ ဒီနှစ်အတွက် Status တစ်ခုပဲ ဒါပေမယ့် ကျန်တဲ့ဟာတွေတော့ ပေါက်စီတို့ ပိုကြိုးစားကြမယ်ဆိုတဲ့ စိတ်က ပိုရှိတယ်''လို့ ဆက်လက်ပြောပြလာပါတယ်။

 

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး တွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။ မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က