နာမည်ကျော် အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ 4nm chips အတွက် Samsung အစား ထိုင်ဝမ်ကုမ္ပဏီ TSMC ကုမ္ပဏီဆီက မှာယူတော့မယ်လို့ ဆိုပါတယ်။
DigiTimes Asia သတင်းမှာ Tesla ဟာ ထိုင်ဝမ် Semiconductor ကုမ္ပဏီ TSMC နဲ့ 4nm chip ထုတ်လုပ်ရေးအတွက် စာချုပ်ကြီးတစ်ခု ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီသဘောတူစာချုပ်ကြောင့် Tesla ဟာ TSMC ရဲ့ ၇ ဦးမြောက် အကြီးဆုံးဖောက်သည် ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
Photo: Seeking Alpha
TSMC ထုတ် 4nm chips တွေကို အနာဂါတ် Tesla ရဲ့ မောင်းသူမဲ့ Hardware ပိုင်းမှာ အသုံးပြုသွားမှာ ဖြစ်ပြီး ဒီချပ်စ်တွေကို အရီဇိုးနားပြည်နယ် TSMC ရဲ့ စက်ရုံသစ်ကနေ ၂၀၂၄ ခုနှစ်ကစပြီး ထုတ်လုပ်ပေးသွားမှာပါ။ TSMC အရီဇိုးနားချပ်စ်စက်ရုံဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ 3nm chips တွေလည်း ထုတ်လုပ်သွားဖို့ ရှိပြီး ဒီစက်ရုံဟာ Apple ထုတ်ကုန်တွေအတွက် လိုအပ်တဲ့ Chips တွေလည်း ထောက်ပံ့ပေးသွားမှာပါ။
TSMC ကုမ္ပဏီဟာ အရီဇိုးနားပြည်နယ်မှာ ဒုတိယမြောက် Chip စက်ရုံတည်ဖို့ စီစဉ်နေပြီး အရီဇိုးနားပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုဟာ ဒေါ်လာ ၁၂ ဘီလျံကနေ ဘီလျံ ၄၀ အထိ ရှိလာမယ်လို့လည်း ဆိုပါတယ်။ TSMC ဟာ အရီဇိုးနားပြည်နယ် ဖီးနစ်မှာ ဒေါ်လာ ၁၂ ဘီလျံတန် Chip စက်ရုံ တည်ဆောက်နေပြီး ၂၀၂၆ ခုနှစ်မှာလည်း ဒုတိယမြောက် စက်ရုံဖွင့်လှစ်လည်ပတ်နိုင်ဖို့ မျှော်လင့်ထားတာပါ။ ဒီစက်ရုံနှစ်ရုံပေါင်းရဲ့ တစ်နှစ်စာ Chip Wafer ထုတ်လုပ်မှုဟာ ၆ သိန်းခန့်အထိ ရှိလာနိုင်ပါတယ်။
Photo: GSMArena
စက်ရုံတည်ဆောက်မှု ပြီးတာနဲ့ အရီဇိုးနားစက်ရုံဟာ ကုမ္ပဏီအတွက် ဝင်ငွေ ဒေါ်လာ ၁၀ ဘီလျံအထိ ရှာပေးနိုင်ဖို့ ရှိပါတယ်။ ဖောက်သည်အကြီးစားတွေ ရှာနိုင်ခဲ့တာကြောင့် ချပ်စ်ထုတ်လုပ်ရေးလောကမှာ TSMC နဲ့ Samsung အစား ကွာဟချက် မြင့်မားလာဖို့ ရှိပါတယ်။
တောင်ကိုရီးယားကုမ္ပဏီဟာ မကြာသေးခင်ကပဲ Flagship Chipsets ဖောက်သည်တစ်ဦးဖြစ်တဲ့ Qualcomm ကို လက်လွှတ်ထားရပါတယ်။