၂၀၂၂ ခုနှစ်အတွက်တင်သွင်း ခွင့်လျှောက်ထားခြင်းကို တော့ ဇန်နဝါရီလ (၃)ရက်နေ့ကစပြီး ဆောင်ရွက်ပေး မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အချိန် ၂ လကျော်ကြာ ပိတ်ထားခဲ့တဲ့ ကားတင်သွင်းခွင့်ထဲကနေ ကားအရောင်းစင်တာနဲ့ အရောင်းပြခန်းတွေကို ကားတင်သွင်းခွင့် ပြန်လည်ခွင့်ပြုပေးမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၇ ရက်မှာ အသိပေးလိုက်ပါတယ်။ 

အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ကားအရောင်းစင်တာနဲ့အရောင်းပြခန်းတွေကနေ တင်သွင်းခြင်း အပါအဝင် လူတစ်ဦးချင်းကားတင်သွင်းခြင်းနဲ့ ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းခြင်း ၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်စစ်မှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်ရရှိသူတွေ ဝန်ထမ်းတစ်ဦးချင်းတင်သွင်းခွင့်ပါမစ် အပါအဝင် ကား အရောင်းစင်တာအသစ်ဖွင့်ခြင်းတွေကို ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီထဲကမှ ကားအရောင်းစင်တာနဲ့အရောင်းပြခန်းတွေကနေ ကားတင်သွင်းခြင်းကို လျှောက်ထားခွင့်ပြုပေးနေပြီး ဒီနှစ်အတွက်ကို ဒီဇင်ဘာလ ၁၇ ရက်နောက်ဆုံးထားလက်ခံပေးခဲ့ကာ ၂၀၂၂ ခုနှစ်အတွက်တင်သွင်း ခွင့်လျှောက်ထားခြင်းကို တော့ ဇန်နဝါရီလ (၃)ရက်နေ့ကစပြီး ဆောင်ရွက်ပေး မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ - ကြည်သာဟန်

" အခုက car showroom တွေကိုပဲ တင်သွင်းခွင့်ပေးမယ့်သဘော၊အဲ့ဒီတော့ ကျန်တဲ့တစ်ဦးချင်တင်သွင်းခွင့်တွေကမပါသေးဘူးလို့သဘောရတယ်။နောက်ပြီး ကားမူဝါဒအရ ဘယ်မောင်းနဲ့မော်ဒယ်အမြင့်တွေပဲ ခွင့်ပြုမဲ့အနေအထားဖြစ်နိုင်တယ် ၊ မော်ဒယ်အနိမ့်ပိုင်းတွေကို သွင်းခွင့်ပေးလိုက်ရင် SKD တွေအတွက် ရောင်းအားထိုးကျသွားစရာရှိလို့ ကန့်ကွက်ကြလိမ့်မယ်ထင်တယ်။ တကယ်လို့ ၂၀၁၅ မော်ဒယ်လောက်ကနေစသွင်းခွင့်ပြုလိုက်ရင် လက်ရှိဈေးကွက်ထဲမှာရောင်းဝယ်နေကြတဲ့ မော်ဒယ်အနိမ့် ၂၀၁၀ အောက် ကားဈေးတွေ အပြောင်းအလဲအများကြီးရှိလာစရာမမြင်ဘူး " လို့ ကားဝယ်ရောင်းလုပ်နေသူတစ်ဦးကပြောပါတယ်။

ဝန်ထမ်းပါမစ်အပါအဝင် ကားတင်သွင်းခွင့် အားလုံးကို ယာယီရပ်ဆိုင်း ထားမယ်လို့ ကြေညာပြီးနောက်မှာ ကားဈေးကွက်က မြင့်တက်သွားပြီး ဈေးကွက်ပျက်တဲ့အခြေအနေမျိုးထိ ဖြစ်သွားခဲ့တဲ့အပြင် ယာဉ်အိုယာဉ်ဟောင်းအစားထိုးတာတွေကိုပါ ပိတ်လိုက်တဲ့အတွက် အရောင်းပြခန်းဖွင့်မယ့်သူတွေ၊ အရည်ကြိုအပ်ရမယ့် ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်တွေပါ အခက်အခဲဖြစ်ခဲ့ရတယ်လို့ ကားဝယ်ရောင်းလုပ်သူတွေဆီကသိရပါတယ်။

လက်ရှိ ကားဈေးကွက် ရဲ့အခြေအနေကတော့  သိန်း ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိတဲ့ ကားတွေသာ အရောင်းအဝယ်သွက်နေပေမယ့် ဈေးကွက်ကတော့အေးနေကြောင်း၊ စီးပွားရေးအခြေအနေအရ ကားအသုံးပြုဖို့လိုအပ်တဲ့သူတွေသာ ကားအဝယ်ရှိနေတယ်လို့သိရပါတယ်။

"သိန်း ၂၀၀ အောက်အနည်းငယ်နဲ့ သိန်း ၁၅၀ ဝန်းကျင်လေးတွေပဲ အရောင်းအဝယ်သွက်တယ် အထူးသဖြင့်လက်ရှိစက်သုံးဆီဈေးနှုန်းအရ ဆီစားသက်သာတဲ့ 1.3 1.5 အင်ဂျင်နဲ့ကားတွပေါ့ အဲ့ကားတွေကငွေပြန်ဖော်ရတာလဲအလွန်လွယ်ပါတယ် " လို့ ကားဝယ်ရောင်းလုပ်သူတစ်ဦးကပြောပါတယ်။

ဒါ့ကြောင့် ပိတ်ထားတဲ့ကားတင်သွင်းခွင့်အား လုံး ကားတင်သွင်းခွင့်ကို ပြန်လည်ခွင့်ပြုပေးစေချင်တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က