လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ်အသင်းနဲ့ တွေ့ဆုံနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကရာဘောင်ဖလားကွာတားဖိုင်နယ်အဆင့်မဲခွဲရာမှာ ကိုလ်ချက်စတာအသင်းနဲ့ တွေ့ဆုံနေခဲ့ပြီး အဲဗာတန်အသင်းကတော့ လက်စတာနဲ့ ယှဉ်ပြိုင်ကစားသွားရမယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ချယ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒုတိယတန်းအသင်းဖြစ်တဲ့ ကိုလ်ချက်စတာယူနိုက်တက်ကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။



ပထမတန်းအသင်းဖြစ်တဲ့ အောက်စ်ဖို့ဒ်ယူနိုက်တက်အသင်းကတော့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံနေပြီး ကျန်ပွဲစဉ် ၂ ပွဲကတော့ ပရီးမီးယားလိဂ်အသင်းတွေ အချင်းချင်း တွေ့ဆုံနေပါတယ်။

လီဗာပူးအသင်းဟာ အက်စ်တွန်ဗီလာအသင်းနဲ့ တွေ့ဆုံနေပြီး အဲဗာတန်အသင်းကတော့ လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေတာကြောင့် ကရာဘောင်ပြိုင်ပွဲကနေ နုတ်ထွက်ရလိမ့်မယ်လို့ နည်းပြကလော့ပ်က အာဆင်နယ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ကရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပြီး အချိန်ကိုတော့ ဆွေးနွေးပြီးမှ သတ်မှတ်သွားမယ်လို့ သိရပါတယ်။ ကရာဘောင်ဖလားပြိုင်ပွဲကျင်းပသူတွေအနေနဲ့ လီဗာပူးအသင်းကို ပြိုင်ပွဲကနေ မထွက်ခွာစေချင်ဘူးဆိုရင် ပွဲချိန်ဇယားကို ပြန်လည်ညှိနှိုင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က