မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ တန်ဟက်ဟာ မာစီယယ်လ် မပါဝင်တဲ့ အစီအစဉ်ကို ဆွဲနေတာကြောင့် ဘရိုက်တန်ကြယ်ပွင့် မိတိုမာရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကမှ ဂျပန်ကလပ်အသင်းဖြစ်တဲ့ ကာဝါဆာကီ ဖရွန်တေးကနေ ပေါင် ၂.၇ သန်းတည်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဩဂုတ်လမှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ မိတိုမာဟာ ဂရေဟမ် ပေါ့တား ထွက်ခွာပြီးနောက်ပိုင်း သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဂျပန်လက်ရွေးစင်တောင်ပံကစားသမားဟာ နည်းပြ ဒီဇာဘီလက်အောက်မှာ တိုးတက်လာခဲ့သူဖြစ်ပါတယ်။
လက်ရှိမှာ ဘရိုက်တန်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်နေပြီဖြစ်တဲ့ မိတိုမာကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ အနီးကပ်စောင့်ကြည့်နေပြီဖြစ်ပြီး တန်ဟက်ဟာ အန်သိုနီ မာစီယယ်လ်ကို နှစ်သက်နေဆဲဖြစ်ပေမယ့်လည်း ယခုရာသီ ၁၂ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တဲ့ ဒဏ်ရာမှတ်တမ်းကြောင့် မပျော်မရွှင်ဖြစ်နေတာဖြစ်ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ မာစီယယ်လ်ရဲ့နေရာမှာ အထောင်တိုက်စစ်မှူးစစ်စစ်ကို အစားထိုးဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး မိတိုမာက အထောင်တိုက်စစ်မှူးမဟုတ်ပေမယ့်လည်း တိုက်စစ်မှာ နေရာစုံကစားနိုင်စွမ်းရှိမှုကြောင့် တန်ဟက်အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်နေတာဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဂျပန်တောင်ပံကစားသမားရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး ဘရိုက်တန်ကလည်း မိတိုမာကို ရောင်းထုတ်ချင်မှာမဟုတ်ပေမယ့်လည်း ဘန် ဝှိုက်နဲ့ ကူကူရယ်လာတို့တုန်းက သင့်တော်တဲ့စျေးနှုန်းရရင် ရောင်းချခဲ့တာက ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။