စပွန်ဆာရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာအကြောင်းပြောလာပါတယ်။

မြတ်ကေသီအောင်ဟာ စပွန်ဆာရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေရိုက်တဲ့အခါမှာ နေတိုးကို အားနာမိခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။ စပွန်ဆာ ဆိုတဲ့ စကားလုံးတိုင်းက မကောင်းတာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

Photo: Sponsor



မြတ်ကေသီအောင်ကိုတော့ စပွန်ဆာ ရုပ်ရှင်ကားကြီးထဲမှာ နေတိုးနဲ့ အတူတွဲသရုပ်ဆောင်ရမယ့် စပွန်ဆာ မမ တစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ စပွန်ဆာ ဆိုတဲ့ စကားအသုံးအနှုန်းကိုလည်း မီဒီယာ အင်တာဗျုးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ဒီခေတ်ကြီးထဲမှာ စပွန်ဆာ ဆိုတာကတော့ မကောင်းတဲ့ဘက်ကို ရွေးပြီးသွားလို့မရတော့ဘူးလေ။ စပွန်ဆာဆိုတဲ့ စကားလုံးက ဟိုးအရင်တုန်းကသာ မတွင်ကျယ်တဲ့ ခေတ်၊ အမြင်မကျယ်တဲ့ ခေတ်မှာသာ မကောင်းတဲ့ဘက်ကို ဦးစားပေးခဲ့တယ်ဆိုပေမယ့် ဒီခေတ်၊ ဒီအခါမှာတော့ မင်းသား၊ မင်းသမီး၊ သရုပ်ဆောင်၊ အပြင်လူတွေကပါ စပွန်ဆာဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ်သုံးနေပါတယ်။ အခြေအနေနဲ့ အချိန်အခါပေါ်မှာ ဆုံးဖြတ်လို့ရပါတယ်’’ လို့ သူကဆိုပါတယ်။

နေတိုးနဲ့ တွဲသရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းတွေအကြောင်းကိုလည်း မြတ်ကေသီအောင်က အမှတ်တရစကားပြောပြလာပါတယ်။ ကာရိုက်တာပီပြင်ဖို့အတွက် သရုပ်ဆောင်ရတာကြောင့် နေတိုးကို အားနာမိတာတွေရှိတယ်လို့ ဆိုပါတယ်။

‘’ကိုယ့်မောင်လေးတွေဆိုတော့ မျက်နှာပူတာပေါ့။ ဒါပေမယ့် အလုပ်ဆိုတော့လည်း တကယ်ရိုက်ရတဲ့အခါမှာ တကယ့် ကာရိုက်တာအတွက် စိတ်ကို သွင်းရတာပေါ့နော်။ မောင်လေးတွေဆိုတာလည်း ဘယ်သူမှ မရှိဘူးဆိုပြီးတော့ အကြည့်တွေက အစ စိတ်ကို သွင်းရတာပေါ့။ ပထမတုန်းကတော့ ရှက်ကိုးရှက်ကန်းဖြစ်တာပေါ့။ ဒီလို အိပ်ရာကြီးပေါ်မှာ သူရော ကိုယ်ရော စောင်ကြီးကလည်း ခြုံ၊ ပြီးရင် သူ့မျက်နှာပေါ် ကိုယ်အပ်၊ ကိုယ့်မျက်နှာပေါ် သူအပ်ဆိုတော့လည်းလေ အားတွေနာတာပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ညက စပွန်ဆာရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Sponsor

စပွန်ဆာရုပ်ရှင်ဇာတ်ကားကြီးကို နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အောက်တိုဘာလ ၃ ရက်နေ့ ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ရဲလေး၊ ကျော်ကျော်၊ မြတ်ကေသီအောင်၊ ပိုင်ဖြိုးသုနဲ့ ဝါဝါအောင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

မြတ်ကေသီအောင်(Myat Kay Thi Aung) ဟာ ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထားတုန်းပါပဲ။ လက်ရှိမှာလည်း ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေအများကြီးရရှိခဲ့ဖူးတဲ့ မြတ်ကေသီအောင်ဟာ အခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးကိုဘဲ အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ မောင်လေးအရင်းနဲ့အတူ Coffee Lu Gallery ဆိုတဲ့ ကိုယ်ပိုင်ဆိုင်လေးကို မြောက်ဒဂုံမှာ ဖွင့်လှစ်ထားတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က