အသက်အန္တရာယ်မစိုးရိမ်ရတဲ့ သေနတ်ဒဏ်ရာများရခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံမြောက်ပိုင်း ဝစ်ကွန်စင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းကုန်ရက်အတွင်း ၎င်းရဲ့ကားကို နှင်းဘောလုံးဖြင့် ပစ်ပေါက်ခဲ့သူ ကလေးနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို လိုက်လံရှာဖွေနေကြောင်း ဇန်နဝါရီ ၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: AFP)

သေနတ်ဖြင့်ပစ်ခတ်ခံရတဲ့ ကလေးနှစ်ဦးဟာ အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရတဲ့ သေနတ်ဒဏ်ရာများရခဲ့ကြကြောင်း Milwaukee မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ သေနတ်ဖြင့်ပစ်ခတ်ခံရတဲ့ ကလေးနှစ်ဦးဟာ စနေနေ့ (ဇန်နဝါရီ ၄ ရက်) ညနေပိုင်းက Milwaukee မှာ ဖြတ်သန်းမောင်းနှင်သွားတဲ့ ကားတွေကို နှင်းဘောလုံးများပြုလုပ်ကာ ပစ်ပေါက်ခဲ့ကြတဲ့ ကလေးအုပ်စုမှာ ပါဝင်ခဲ့ကြပါတယ်။



(Photo: Victoria Denisova/iStock)

"နှင်းဘောလုံးတစ်လုံးက အဖြူရောင် တိုယိုတာကားတစ်စီးကို ထိမှန်ခဲ့ပြီးတော့ ကားမောင်းသူက ကလေးအုပ်စုထဲကို သေနတ်နဲ့လှမ်းပစ်ရာမှာ ဒီကလေးနှစ်ဦးကို ထိမှန်ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ရဲတပ်ဖွဲ့က ကလေးတွေကို ပစ်ခတ်သွားသူအား ရှာဖွေဖော်ထုတ်နိုင်ရေး ကူညီကြရန် မေတ္တာရပ်ခံထားကြောင်း CNN သတင်းက ဖော်ပြပါတယ်။ Milwaukee မြို့ဟာ ချီကာဂိုမြို့မှ မိုင် ၉၀ အကွာမှာရှိပြီး လူဦးရေငါးသိန်းခန့် နေထိုင်ကြတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က