ကာကွယ်ဆေးမထိုးတဲ့ကစားသမားတွေကို ကလော့ပ်က ဝေဖန်လိုက်တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ကစားသမားတွေကို မန်စီးတီးနဲ့ကစားမယ့် ပွဲမတိုင်ခင်မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်အထိ ဗြိတိန်ဒေသတွင်း ကိုဗစ်ကူးစက်မှုတွေက မရပ်တန့်သေးပေမယ့် အချို့သော ကစားသမားတွေကတော့ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်နေကြဆဲပါ။ အာဆင်နယ်ကွင်းလယ်လူ ချာကာက ကာကွယ်ဆေးထိုးဖို့ကို လူသိရှင်ကြားငြင်းဆန်ခဲ့ပြီး ပူပူနွေးနွေးအနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ကန်တေလည်း ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ပရီးမီးယားလိဂ် အသင်း (၇) သင်းကသာ သူတို့အသင်းမှာရှိတဲ့ ကစားသမား (၅၀) ရာခိုင်နှုန်းကျော်က ကာကွယ်ဆေး (၂) ကြိမ်ထိုးပြီးပြီလို့ သတင်းပို့ထားခဲ့ပါတယ်။ ဒါဟာ ကျေနပ်စရာကောင်းတဲ့ရလဒ်မဟုတ်ဘဲ ပရီးမီးယားလိဂ်ကစားသမားတွေက ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်နေတယ်ဆိုတာကို သက်သေပြနေပါတယ်။

ယာဂင်ကလော့ပ်ရဲ့အမေဟာ ကိုဗစ်ကူးစက်မှုကြောင့် ကွယ်လွန်ခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကလော့ပ်က “ကျွန်တော်တို့ အသင်းမှာရှိတဲ့ ကစားသမား (၉၉) ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးပြီးပြီလို့ ပြောနိုင်တယ်ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားတွေကို ဘာမှဖျောင်းဖျနေစရာ မလိုခဲ့ပါဘူး”

“ဒါ အသင်းရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့က ကစားသမားတွေကို ဘာလို့ကာကွယ်ဆေးထိုးသင့်တယ်ဆိုပြီး ရှင်းမပြပါဘူး။ ကျွန်တော်က ဆရာဝန်မှမဟုတ်တာ။ ကာကွယ်ဆေးထိုးဖို့အတွက် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော့်အသက်အရွယ်က အန္တရာယ်များတဲ့ အသက်အရွယ်ပါ”

“ကျွန်တော်က ကာကွယ်ဆေးထိုးပြီးပြီ ပြောရင် လူတွေက ဘာလို့ထိုးတာလဲဆိုပြီး မေးပါလေရော။ ဒါ ကျွန်တော့်ကိုယ်ကျွန်တော်နဲ့ ဘေးနားပတ်ဝန်းကျင်ကလူတွေကို ကာကွယ်နိုင်ဖို့အတွက်ပါ။ ဒီကိစ္စက ဘာနဲ့တူလဲဆိုတော့ သောက်ပြီး ကားမောင်းသလိုပါပဲ။ တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်လောက်သောက်ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကားမောင်းနိုင်တယ်လို့ ထင်တုန်းပါ။  ဒါပေမယ့် ဥပဒေက ခွင့်မပြုပါဘူး။ ခင်ဗျားတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ခင်ဗျား ပတ်ဝန်းကျင်က လူတွေ အကုန်လုံးအတွက်ပါ။ ဒီတော့ ကျွန်တော်တို့ သောက်ပြီး ကားတက်မောင်းလို့မရပါဘူး” လို့ နှိုင်းယှဥ်ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က