ကာကွယ်ဆေးထိုးထားသူများ ပြည်တွင်းခရီးသွားလာရာမှာ ကိုဗစ်ကင်းကြောင်းထောက်ခံစာမလိုတဲ့ သတင်းအပါအဝင် ဒီတစ်ပတ်အတွက် နောက်ဆုံးရရှိထားတဲ့ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဖော်ပြပါ ခရီးသွားဆိုင်ရာသတင်းအချက်လက်များကို Duwun နဲ့ Flymya တို့မှ ပူးပေါင်းတင်ဆက်ပေးထားခြင်းဖြစ်ပြီး ပိုမိုသိရှိလိုပါက Flymya သို့ဆက်သွယ်ရန် ဒီလင့်ခ် ကိုနှိပ်ပါ။
ကာကွယ်ဆေးအပြည့်ထိုးထားသူများ ပြည်တွင်းခရီးသွားလာရာမှာ ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာမလိုတော့
Covid-19 ကာကွယ်ဆေး (၂) ကြိမ် အပြည့် ထိုးပြီးသည့်သူများအနေနဲ့ ပြည်တွင်းခရီးစဉ်များ စီးနင်းရာမှာ RDT test kit နဲ့ စစ်ဆေးထားတဲ့ COVID-19 ကင်းစင်ကြောင်း ထောက်ခံစာ မလိုတော့ဘဲ ကာကွယ်ဆေး (၂) ကြိမ် အပြည့် ထိုးပြီးကြောင်း certificate ကို check-in counter မှာ ပြရမှာဖြစ်တယ်လို့ ကျန်းမာေရးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သို့သော် Covid-19 ကာကွယ်ဆေး ပထမတစ်ကြိမ်သာ ထိုးပြီးသည့်သူများ နှင့် လုံး၀ မထိုးရသေးသောသူများ ပြည်တွင်းခရီးစဉ်များစီးနင်းရာမှာတော့ လေယာဉ်မထွက်ခွါမီ ၄၈ နာရီအတွင်း MOHS မှ သတ်မှတ်ထားတဲ့ နေရာတွေမှာ RDT test kit နဲ့စစ်ဆေးထားတဲ့ COVID-19 ကင်းစင်ကြောင်း ထောက်ခံစာ ပါရှိရမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက ဝင်လာမယ့် ခရီးသည်တွေအတွက် မြန်မာက ပြင်ဆင်ချက်အသစ်ထုတ်ပြန်
ပြည်တွင်းသို့ ဝင်လာမယ့် နိုင်ငံတကာက ခရီးသည်တွေအတွက် ကိုဗစ်ရောဂါထိန်းချုပ်ဖို့အတွက် ဓာတ်ခွဲစစ်ဆေးဖို့နဲ့ အသွားအလာကန့်သတ်ခြင်းဆိုင်ရာလိုအပ်ချက်တွေကို နိုဝင်ဘာ ၂၀ ရက်စွဲအသစ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနမှကြေညာထားပါတယ်။
မြန်မာနိုင်ငံကို မလာမီ ကိုဗစ်ပိုးကင်းစင်ကြောင်းထောက်ခံစာပါလာတဲ့ သူတွေထဲမှာ လွန်ခဲ့တဲ့ ရက် ၉၀ အတွင်း ဓာတ်ခွဲအတည်ပြုလူနာဖြစ်ခဲ့တဲ့ သူတွေကိုတော့ ကွာရန်တင်းစင်တာတွေမှာ ၃ ရက်နေထိုင်စေပြီး ကိုဗစ်ပိုးစစ်ဆေးကာ ပိုးမတွေ့ပါက ကွာရန်တင်းစင်တာက ထွက်ခွာရမှာပါ။
ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားသူတွေကတော့ ကွာရန်တင်းစင်တာတွေမှာ ၇ ရက်နေထိုင်စေပြီး ၃ ရက်မြောက်နေ့နဲ့ ၇ ရက်မြောက်နေ့မှာ ကိုဗစ်ပိုးကင်းကြောင်း စစ်ဆေးပြီးနောက် ကွာရန်တင်းစင်တာက ထွက်ခွာရမှာပါ။
ကာကွယ်ဆေးအပြည့်မထိုးထားသူတွေကိုတော့ ကွာရန်တင်းစင်တာတွေမှာ ၁၀ ရက်နေထိုင်စေပြီး ၃ ရက်မြောက်နေ့နဲ့ ၇ ရက်မြောက်နေ့မှာ ကိုဗစ်ပိုးကင်းကြောင်း စစ်ဆေးပြီးနောက် ကွာရန်တင်းစင်တာက ထွက်ခွာရမှာပါ။
မြန်မာနိုင်ငံကို ကိုဗစ်ပိုးကင်းစင်ကြောင်းထောက်ခံစာမပါလာတဲ့ သူတွေကတော့ လေဆိပ်ကျန်းမာေရးဌာန ရဲ့ ဆုံးဖြတ်ချက် အရ ဝင်ခွင့်ရမှာဖြစ်ပါတယ်။ အဲဒီနောက် ကွာရန်တင်းစင်တာတွေမှာ ၁၀ ရက်နေထိုင်စေပြီး ၃ ရက်မြောက်နေ့နဲ့ ၇ ရက်မြောက်နေ့မှာ ကိုဗစ်ပိုးကင်းကြောင်း စစ်ဆေးပြီးနောက် ကွာရန်တင်းစင်တာက ထွက်ခွာရမှာပါ။
မြို့နယ် ၁၃ ခုကို နေအိမ်မှာနေထိုင်ရေးအစီအစဥ်ကနေ ထပ်မံပယ်ဖျက်
မကွေးတိုင်းက မြို့နယ် ၈ မြို့နယ်၊ စစ်ကိုင်းတိုင်းက မြို့နယ် ၂ မြို့နယ်၊ မန္တလေးတိုင်းက ၁ မြို့နယ်၊ ဧရာဝတီတိုင်းက ၁ မြို့နယ်၊ ကချင်ပြည်နယ်က ၁ မြို့နယ်တို့ကို နိုဝင်ဘာ ၁၉ ရက်က စတင်ပြီး နေအိမ်မှာနေထိုင်ေရးအစီအစဥ်ကနေ ထပ်မံပယ်ဖျက်လိုက်တယ်လို့ ကျန်းမာေရးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကျန်းမာေရးဝန်ကြီးဌာနအနေနဲ့ စက်တင်ဘာ ၂၅ ရက်ကစတင်ပြီး မြို့နယ်အများစုကို နေအိမ်တွင်နေထိုင်ရေး အစီအစဥ်ကနေ ပယ်ဖျက်ခဲ့ရာ အခုဆို မြို့နယ်ပေါင်း ၈၀ မြို့နယ်ကို နေအိမ်တွင်နေထိုင်ရေး အစီအစဥ်ကနေ ပယ်ဖျက်ခဲ့ပြီဖြစ်ပါတယ်။
MAI နှင့် Air KBZ တို့မှ ထားဝယ်၊မြိတ်ခရီးစဉ်များ စတင်ပြေးဆွဲ
MAI နှင့် Air KBZ တို့မှ နိုဝင်ဘာ ၁၉ရက်မှစတင်ကာ ထားဝယ်ခရီးစဉ် နဲ့ မြိတ်ခရီးစဉ်များကို ပြေးဆွဲပေးနေပြီလို့ ကြေညာထားပါတယ်။
အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များမှာ ပြေးဆွဲမည့် ရန်ကုန် - ထားဝယ် - ကော့သောင်းခရီးစဉ်အပါအဝင် ရန်ကုန် - ထားဝယ်ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲပေးသွားမယ်လို့ ဆိုပါတယ်။
အဆိုပါခရီးစဉ်တွေကို သတ်မှတ်ထားတဲ့ရက်တွေမှာ MAI နှင့် Air KBZ အကျိုးတူပူးပေါင်းထားတဲ့ E190 လေယာဉ်ဖြင့်လည်း ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
လက်မှတ်ဝယ်ယူရန်အတွက် Hotline: +95 1 9670007 နှင့် +95 9 969500007 သို့ ဆက်သွယ်နိုင်သလို Website; www.maiair.com နှင့် www.airkbz.com တွင် ကိုယ်တိုင်ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။
မြိတ်- ရန်ကုန် အဝေးပြေးကားတွေကို နိုဝင်ဘာလလယ်က စတင်ပြေးဆွဲပြီ
မြိတ်-ရန်ကုန် အဝေးပြေးကားတွေကို ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားတဲ့ စည်းကမ်းများနှင့်အညီ နှစ်ခုံကိုတစ်ယောက်ထိုင်စနစ်နဲ့ နိုဝင်ဘာ ၁၅ရက်နေ့ မှစတင်ပြေးဆွဲနေပြီလို မြိတ်မြို့နယ် ပုဂ္ဂလိက ယာဥ်များကြီးကြပ်ေရးကော်မတီ အတွင်းရေးမှုး ဦးမိုးကျော်သူက ပြောပါတယ်။
လက်မှတ်ခစျေးနှုန်းတွေ အနေနဲ့ကတော့ မြိတ်- ရန်ကုန်ကို ငွေကျပ် ငါးသောင်း ကျသင့်မှာဖြစ်ပြီး မြိတ်-ထားဝယ်ကိုတော့ ငွေကျပ် သုံးသောင်းကျသင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ခရီးသွားခြင်းဆိုင်ရာ အချက်အလက်များအတွက် အသေးစိတ်သိရှိလိုပါက
· Hot Line: +95 1 3500666 , +95 9 797 97 8888
· Website: www.flymya.com
· Email: booking@flymya.co, info@flymya.co
· Facebook Messenger: m.me/flymyatravels
· Join us on Telegram: t.m/flymya တို့တွင် ဆက်လက်စုံစမ်းနိုင်ပါတယ်။