ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လူတွေဟာ မှားယွင်းတဲ့အသိအမြင် ရှိနေကြတယ်လို့လည်း သတိပေးပါတယ်

COVID-19 ကာကွယ်ဆေးတွေက ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ၄၀ ရာခိုင်နှုန်းခန့် လျှော့ချပေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ကာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လူတွေဟာ မှားယွင်းတဲ့အသိအမြင် ရှိနေကြတယ်လို့ သတိပေးပါတယ်။

(WHO အကြီးအကဲ Tedros) (Photo: AFP)

ကာကွယ်ဆေးထိုးပြီးသူ အများအပြားဟာ ကာကွယ်ဆေးထိုးထားတာကြောင့် ၎င်းတို့အနေနဲ့ အခြား ကြိုတင်ကာကွယ်မှုတွေ မလိုအပ်တော့ဘူးလို့ မှားယွင်းစွာ တွေးထင်နေကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။



ကာကွယ်ဆေးထိုးထားသူတွေဟာ အခြား ကြိုတင်ကာကွယ်မှုတွေ လုပ်စရာမလိုတော့ဘူးလို့ မှားယွင်းတဲ့အသိရှိနေကြတာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်

ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေဟာ ဗိုင်းရပ်စ်ကူးစက်မခံရစေရန်နဲ့ အခြားသူတွေထံ ထပ်မံ ကူးစက်ပျံ့နှံ့မသွားစေရန် ကျန်းမာရေးစည်းမျဥ်းတွေကို လိုက်နာကြရမယ်လို့ ၎င်းကဆိုပါတယ်။ သို့သော် ပိုမိုကူးစက်မြန် ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဆေးတွေက ထိရောက်တဲ့ကာကွယ်မှု မပေးနိုင်တာမျိုး မဟုတ်ဘူးလို့လည်း Tedros က အခိုင်အမာ ပြောပါတယ်။

(Photo: AFP)

"ကာကွယ်ဆေးက ကပ်ရောဂါကို အဆုံးသတ်ခဲ့ပြီး ကာကွယ်ဆေးထိုးထားသူတွေဟာ အခြား ကြိုတင်ကာကွယ်မှုတွေ လုပ်စရာမလိုတော့ဘူးလို့ မှားယွင်းတဲ့အသိရှိနေကြတာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်" လို့ WHO အကြီးအကဲက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ကာကွယ်ဆေးတွေက အသက်တွေ ကယ်ပေးတယ်၊ ဒါပေမဲ့ ကူးစက်ပျံ့နှံ့မှုကို အပြည့်အဝ ကာကွယ်မပေးပါဘူး၊ ဒယ်လ်တာဗိုင်းရပ်စ် မပေါ်ခင် အချက်အလက်တွေအရ ကာကွယ်ဆေး‌တွေဟာ ကူးစက်ပျံ့နှံ့မှုကို ၆၀ ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ သိထားပါတယ်၊ အခု ဒယ်လ်တာဗိုင်းရပ်စ်နဲ့ကျတော့ ဒီလိုလျှော့ချပေးတာက ၄၀ ရာခိုင်နှုန်းခန့်အဖြစ် ကျဆင်းသွားပါတယ်" လို့ Tedros က ရှင်းပြပါတယ်။ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ပိုမိုကူးစက်မြန် ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်ဟာ လက်ရှိ တစ်ကမ္ဘာလုံးမှာ ကူးစက်ပျံ့နှံ့နေပါတယ်။

(Photo: Reuters)

"ကာကွယ်ဆေးထိုးထားတယ်ဆိုရင် ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှု အန္တရာယ် အများကြီး လျော့သွားပါတယ်၊ ဒါပေမဲ့ ကူးစက်ခံရနိုင်မှုနဲ့ အခြားသူတွေထံ ကူးစက်ပျံ့နှံ့သွားနိုင်မှု အန္တရာယ်ကတော့ ရှိနေဆဲပါ၊ ကာကွယ်ဆေးထိုးထားပြီရင်တောင်မှ ကိုယ်တိုင်ကူးစက်မခံရအောင်နဲ့ ရောဂါဖြစ်လာရင် သေဆုံးနိုင်တဲ့ အခြားသူတွေထံ ကူးစက်မသွားစေဖို့ ကြိုတင်ကာကွယ်မှုတွေ ဆက်လုပ်ဖို့ပါ၊ ဒါကို ကျွန်တော်တို့ အတိအကျတော့ မပြောနိုင်သေးဘူးပေါ့" လို့ WHO အကြီးအကဲက ပြောပါတယ်။

ကာကွယ်ဆေးတွေက အသက်တွေ ကယ်ပေးတယ်၊ ဒါပေမဲ့ ကူးစက်ပျံ့နှံ့မှုကို အပြည့်အဝ ကာကွယ်မပေးပါဘူး

ထိုအခြေအနေအရ mask တပ်ခြင်း၊ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ အခြားသူတွေနဲ့ အပြင်မှာ မတွေ့ဆုံခြင်း သို့မဟုတ် လေဝင်လေထွက်ကောင်းတဲ့ အဆောက်အအုံအတွင်းမှာသာ တွေ့ဆုံခြင်းတို့ကို သတိထားလိုက်နာရန် လိုအပ်တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က