Tecno ကုမ္ပဏီဟာ စမတ်ဖုန်းဈေးကွက်ကို ဆွဲဆောင်နိုင်ဖို့ အလန်းစားဒီဇိုင်းနဲ့ ထုတ်ကုန်သစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လထဲမှာ Tecno ကုမ္ပဏီဟာ နယူးယော့မြို့ ရော့ခ်ဖဲလားစင်တာမှာ Tecno Camon 19 Pro ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အိန္ဒိယဈေးကွက်အတွက် ဒီဇိုင်းဆွဲဆောင်မှုပိုမြင့်မားတဲ့ Mondrian Edition သစ်ကို ကြေညာလိုက်ပါတယ်။ Mondrian မော်ဒယ်သစ်ဟာ ကျောဘက်မှာ ကာလာစုံဒီဇိုင်းအကွက်နဲ့ လာပြီး ၂၀ ရာစုနှစ်ရဲ့ နာမည်ကျော် ပန်းချီပညာရှင် ပီယားမွန်ဒရီယန်ရဲ့ ဒြပ်မဲ့ပန်းချီပုံစံကို နည်းယူထားတာပါ။
အရောင်အမျိုးမျိုး ပြောင်းနိုင်တဲ့ Mondrian Edition သစ်ဟာ အာရှဈေးကွက်ထဲမှာ ပထမဆုံးအဖြစ် အိန္ဒိယမှာ ကြေညာသွားတာ ဖြစ်ပြီး Polychromatic Photoisomer နည်းပညာကို အသုံးပြုသွားပါတယ်။ ဒီနည်းပညာက ရိုးရိုး Monochrome Cover တစ်ခုကို မတူကွဲပြားတဲ့ အလင်းရောင်အမျိုးမျိုးနဲ့ ထိတွေ့ချိန်မှာ အရောင်အသွေးစုံတဲ့ Multiple Colors ဖြစ်သွားစေမယ့်နည်းပညာ ဖြစ်ပါတယ်။ ပန်းချီဆရာ မွန်ဒရီယန်ရဲ့ အမြင်အားဖြင့်အမှန်လို့ လက်ခံထားမှုကို ငြင်းပယ်မှုကို အဓိကဖော်ပြလိုတဲ့ Subject Matter အဖြစ် ပြသတဲ့ဝါဒကို တုပထားတာပါ။
ဖုန်းကျောဘက်မှာ ထူထဲတဲ့ မျဉ်းဖြောင့်တွေနဲ့ ထောင့်တွေက မတူတဲ့အရောင်တွေဟာ ကွဲပြားတဲ့အဓိပ္ပါယ်ဆောင်စေပြီး အခြေခံအကျဆုံးအရာဝတ္ထုအဖြစ် ပုံစံတွေကို ကန့်သတ်မယ်ဆိုတဲ့ အိုင်ဒီယာနဲ့ လာတာပါ။ ဒီဇိုင်းပိုင်းမှာ Modular ဖုန်းတစ်လုံးနဲ့ ဆင်ပြီး နေရောင်နဲ့ ထိတွေ့တဲ့အခါမျိုးမှာ လေးထောင့်ဘလောက်တုံးလေးတွေက အပြာနဲ့ ခရမ်းနုရောင်ပြေးအမျိုးမျိုး ဖြစ်လာစေမှာပါ။ ဒီထုတ်ကုန်ဒီဇိုင်းအတွက် Tecno ဟာ အဆင့်ပေါင်း ၂၂ ဆင့်နဲ့ စမ်းသပ်မှုအကြိမ်ပေါင်း ၅၀၀ လုပ်ပြီး သေသေချာချာ စေ့စေ့စပ်စပ် ဖန်တီးပြုလုပ်ထားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီဇိုင်းပိုင်း ဆန်းသစ်လာခြင်းက စမတ်ဖုန်းဈေးကွက်ထဲမှာ မမြင်ဖူးသေးတဲ့ အသွင်ထူးဖုန်းတစ်လုံးအဖြစ် မြင်လာရတာပါ။ Hardware ပိုင်းမှာတော့ Camon 19 Pro နဲ့ တစ်ပုံစံတည်းပဲ ဖြစ်ပါတယ်။ Camon 19 Pro ဟာ Bezel သားဆိုဒ် ၀.၉၈ မီလီမီတာပဲ ရှိပြီး Bezel အပါးဆုံးဖုန်းတွေထဲက တစ်လုံးအဖြစ် ကြေညာခဲ့တာပါ။ လေးထောင့်စပ်စပ် ဘောင်ဒီနဲ့ ဆွဲဆောင်မှုရှိတဲ့ ကျောဘက်ကင်မရာဒီဇိုင်းပါပြီး အရှေ့မှန်ပြင်အလယ်တည့်တည့်မှာ Punch Hole ကင်မရာပေါက်ဒီဇိုင်းကို ပထမဆုံး သုံးလာပါတယ်။
Tecno Camon 19 Pro ဟာ ၆.၈ လက်မ Display ၊ FHD+ Resolution နဲ့ လာပြီး 120Hz Refresh Rate သုံးထားပါတယ်။ ကျောဘက်ကင်မရာတွေဟာ အဝိုင်းကွင်းနှစ်ကွင်းထဲမှာ ရှိပြီး စုစုပေါင်း ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာနည်းပညာဟာ ဒီဖုန်းရဲ့ ဆွဲဆောင်မှုရှိတဲ့ Feature တစ်ခုလို့ ဆိုနိုင်ပါတယ်။ Camon 19 Pro ဟာ အနီ အစိမ်း အဖြူ အပြာ ကာလာ Filter ပါတဲ့ 64MP ISOCELL RGWB Sensor ကို ပထမဆုံး သုံးလာတဲ့ ဖုန်း ဖြစ်ပြီး Night Photo တွေမှာ ရုပ်ထွက်ပိုကောင်းဖို့ အလင်းကို ၃၀% ပိုဝင်အောင် စီမံထားတယ်လို့လည်း ဆိုပါတယ်။
ကျန်တဲ့ ကင်မရာတွေကတော့ Portrait Shots အတွက် 2x Optical Zoom ဆွဲနိုင်မယ့် 50MP Sensor နဲ့ 2MP Depth Sensor တို့ ဖြစ်ပြီး HDR Support ၊ OIS/EIS ရုပ်ငြိမ်စနစ်တွေနဲ့ သီးသန့် Night Mode တစ်ခုပါ ထည့်ပေးထားပါတယ်။ Processor အနေနဲ့ Helio G96 Chipset နဲ့ လာပြီး ဘက်ထရီပါဝါ 5000mAh အားဟာ 33W Fast Charging Support နဲ့ထွက်ထားပါတယ်။ Mondrian Edition Camon 19 Pro ကို အိန္ဒိယဈေးကွက်မှာ ရူပီး ၁၇၉၉၉ (မြန်မာငွေ ၄ သိန်း ၈ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။