ဒီနေ့ အမှု အခြေအနေကို ရန်ကင်းတရားရုံးမှ ပြန်ကြားရေး ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၇) ရက်နေ့က စပြီး ပထမဆုံးအကြိမ် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်က ဒီနေ့ (၁၇) ကြိမ်မြောက် ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ဒီရုံးချိန်းမှာတော့ မိုးအောင်ရင်ကို ရုံးချိန်း (၇) ချိန်းအတွင်း အပြီးသတ် စစ်ဆေးသွားမယ့် အကြောင်း ညှိနှိုင်းဆေးနွေးခဲ့ကြတယ်လို့ ရန်ကင်းတရားရုံးမှ ပြန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်းက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 



" ဒီနေ့ ရုံးချိန်းကတော့ (၁၇) ကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်။ အပြီးသတ်အကြို ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါတယ်။ ခံပြသက်သေတွေကို စစ်ဆေးမယ့် ရုံးချိန်းတွေကို ညှိနှိုင်းပြီးတော့ အတည်ပြုခဲ့ကြတာပါ။ ခံပြသက်သေတွေကတော့ မိုးအောင်ရင် အပါအဝင် အားလုံးပေါင်း (၁၁)ယောက် ပါလာ ပါတယ်။ ခံပြသက်သေ (၁၁) ယောက်စလုံးကို ရုံးချိန်းပေါင်း (၇) ချိန်း အတွင်းမှာ စစ်ဆေးမှာ ဖြစ်ပါတယ်" ဆိုပြီးတော့ ဇူလိုင် (၁၀) ရက်နေ့ ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။ 

စွပ်စွဲခံရသူ သရုပ်ဆောင် မိုးအောင်ရင်ကို ၂၀၂၀ ခုနှစ် သြဂုတ်လ ၇ ရက် နေ့လယ် ၁ နာရီ ရန်ကင်း တရားရုံးမှာ ပထမဆုံးအကြိမ် စစ်ဆေးသွားမယ်လို့ ဦးထွန်းနိုင်ဝင်းက အင်တာဗျူးမှာ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ မိုးအောင်ရင်ကို စစ်ဆေးမေးမြန်းသွားမယ့် ရုံးချိန်းတွေကတော့ သြဂုတ်လ ၁၉ ရက် ၊ ၂၆ ရက်၊ ၃၁ ရက် နဲ့ စက်တင်ဘာလ ၉ ရက်၊ ၁၆ ရက်၊၂၁ရက် တို့မှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ 

မိုးအောင်ရင် ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က ကာမလိမ်လည်မှုဖြင့် ရန်ကင်းတရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ အခုဆိုရင်တော့ အမှုကို စစ်ဆေးနေတာ (၇) လအကြာ ရှိပြီဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ် ကြောင်း၊ချစ်သူကောင်မလေးက မူးယစ်ဆေးသုံးစွဲ ကြောင်းကို အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက် ခင်မြတ်နိုးက အခုလို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က