အာဂျင်တီးနားအသင်းသားတွေကို သူ ပြောနေခဲ့တာပါ။

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို အသေအလဲအားပေးနေခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟောင်းဆာဂျီယိုအဂူရိုဟာ ပြင်သစ်ကွင်းလယ်လူကာမာဗင်ဂါကို စော်ကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကာမာဗင်ဂါကတော့ လူစားဝင်လာချိန်မှာ ခြေစွမ်းပြကစားခဲ့တာဖြစ်ပြီး သူ ဝင်လာချိန်မှာ အာဂျင်တီးနားတိုက်စစ်ကို တော်တော်လေးအရှိန်သေအောင် လုပ်နိုင်ခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်မှာလည်း ကာမာဗင်ဂါက သူ လူစားဝင်လာချိန်တိုင်းမှာ အသင်းရလဒ်ကောင်းရရှိနိုင်ဖို့ ခြေစွမ်းပြကစားနိုင်တဲ့သူဖြစ်ကာ မနေ့ကလည်း ဒက်ချမ့်စ်က ပွဲချိန်ကိုက်ပဲ သူ့ကိုထည့်သွင်းခဲ့တာပါ။ သူ ဝင်ရောက်လာပြီးနောက် ပြင်သစ်တို့ ချေပဂိုးတွေဆက်တိုက်ရရှိခဲ့ပြီး မိနစ် ၉၀ အတွင်းအရေးနိမ့်မယ့်အရေးကို ရှောင်လွှဲနိုင်ခဲ့ပြီးကာမှ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ 



ဒီအချိန်မှာ အဂူရိုက သူ့ရဲ့ အင်စတာဂရမ်ကနေ Live လွှင့်နေတာဖြစ်ပြီး "For Camavinga, The D--Face" လို့ အဓိပ္ပာယ်ရတဲ့ စာသားကို သီချင်းဆိုကြမယ်လို့ ပြောနေခဲ့ပါတယ်။ ဒီအကြောင်းကတော့ အာဂျင်တီးနားကမ္ဘ့ာ့ဖလားရရှိမှု၊ မက်ဆီရဲ့ အ​ောင်မြင်မှုတွေအကြောင်းကိုသာ အသားပေးဖော်ပြနေလို့ သတင်းမီဒီယာတွေထက်မှာ မဖော်ပြသေးပေမယ့် တွစ်တာမှာတော့ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ 

အဂူရိုကတော့ အာဂျင်တီးနားကို ပွဲချိန်တလျှောက်လုံးအားပေးနေခဲ့ပြီး အနိုင်ရချိန်မှာလည်း သူ့အသင်းဖော်ဟောင်းတွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ မက်ဆီကိုလည်း သူက ထမ်းပိုးခဲ့ပြီး မာရာဒိုနာအောင်ပွဲခံဟန်နဲ့တူအောင် ဖန်တီးပေးခဲ့ပါတယ်။ အာဂျင်တီးနားအသင်းလေ့ကျင့်ရေးကွင်းကိုလည်း သူက သွားရောက်ခဲ့ကာ အတူတူလေ့ကျင့်ခဲ့သေးသလို မက်ဆီနဲ့လည်း ဟိုတယ်မှာ တခန်းတည်းအတူတူ နေထိုင်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က