ဈေးရောင်းရန်ဆိုင်ခန်းတွေမဟုတ်ပါဘူး။

မကြာခင် ဘတ်စ်ကားတွေကို ကဒ်စနစ်နဲ့သွားတော့မှာဖြစ်တဲ့အတွက် ကားစီးနှင်းဖို့ လက်မှတ်တွေလိုလာတာကြောင့် လွယ်လင့်တကူလက်မှတ်တွေဝယ်လို့ရအောင်လို့ ကားလက်မှတ်ရောင်းဖို့ဆိုင်ခန်းတွေဖြစ်တယ် လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ 

ရန်ကုန်မြို့တွင်း ဘတ်စ်ကားမှတ်တိုင်တွေမှာ ဆိုင်ခန်းတွေဆောက်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး လူထုကဈေးရောင်းရန်ဆိုင်ခန်းတွေလို့ ထင်နေကြတာကြောင့် ဒီဆိုင်ခန်းတွေက ဈေးရောင်းရန်မဟုတ်ပဲ ကားလက်မှတ်ရောင်းရန်သာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က မြို့တော်စည်ပင်သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေရှင်းပြောကြားခဲ့ပါတယ်။

“ ဒီဟာကဈေးဆိုင်မဟုတ်ဘူး။ ဈေးတော့ဈေးဆိုင်ပဲ၊ ဈေးရောင်းပေမယ့် ရောင်းတဲ့ပစ္စည်းပေါ်မူတည်သေးတယ်။ အများကဈေးဆိုင်ဆိုတာနဲ့ မုန့်ဟင်ခါးတို့ အုန်းနို့ခေါက်ဆွဲတို့၊ ဆေးလိပ်တို့၊ကွမ်းယာတို့ထင်ကြတာ။ အခုဟာက ဒါတွေရောင်းမယ့်ဆိုင်ခန်းမဟုတ်ဘူး။ ဘတ်စ်ကားမှတ်တိုင်တွေမှာလူတစ်ကိုယ်စာ လက်မှတ်လှည့်ရောင်းလို့ရမယ့် ဆိုင်ခန်းလေးတွေကိုထားရှိသွားမှာ။မကြာခင် ဘတ်စ်ကားတွေကို ကဒ်စနစ်နဲ့သွားတော့မှာဖြစ်တဲ့အတွက် ကားစီးနှင်းဖို့ လက်မှတ်တွေလိုလာတာကြောင့် လွယ်လင့်တကူလက်မှတ်တွေဝယ်လို့ရအောင်လို့ ကားလက်မှတ်ရောင်းဖို့ဆိုင်ခန်းတွေဖြစ်တယ်” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာတွေကိုပြောပါတယ်။

အခုလိုလက်မှတ်ရောင်းမယ့်ဆိုင်ခန်းနေရာတွေမှာ တခြားဈေးသည်တွေကိုရောင်းချခွင့် ပြုမှာမဟုတ်ဘူးလို့မြို့တော်ဝန်က ပြောပါတယ်။

"ဆိုင်ဖွင့်တယ်ဆိုပေမယ့် ပေါ်လစီအရဆိုင်မဟုတ်ဘူး။လက်မှတ်ရောင်းတဲ့ကောင်းတာတစ်ခုလိုဖွင့်ပေးမှာဖြစ်ပြီး လက်မှတ်ရောင်းမယ့်ဆိုင်ခန်းဖွင့်ဖို့နဲ့ပတ်သက်လို့ မြို့တော်ဝန်တစ်ယောက်အနေနဲ့တော့ လုပ်ချင်ပေမယ့်၊ လူထုကမလုပ်နဲ့၊မလုပ်ပါဘူးဆိုရင်တော့ မလုပ်ရုံပဲရှိတယ်" လို့လည်းမြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က