ဆန်ချိုဘက်က ဆိုးလ်ရှားက ကာကွယ်ပေးခဲ့တာပါ။

သူ့ရဲ့ကစားသမားကို ပြောဆိုခဲ့တဲ့အပေါ် ဆိုးလ်ရှားက ကာကွယ်ပြောဆိုခဲ့တာဖြစ်ပြီး ဆောက်ဂိတ်ကိုလည်း မေးခွန်းပြန်ထုတ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ 


ဆန်ချိုအနေနဲ့ လက်ရွေးစင်အသင်းမှာ ကံကောင်းလို့ပါဝင်ခွင့်ရတာလို့ နည်းပြဆောက်ဂိတ်က ပြောဆိုခဲ့တဲ့အပေါ်မှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြန်လည်တု့ံပြန်မှုတွေပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ကစားသမားကို ပြောဆိုခဲ့တဲ့အပေါ် ဆိုးလ်ရှားက ကာကွယ်ပြောဆိုခဲ့တာဖြစ်ပြီး ဆောက်ဂိတ်ကိုလည်း မေးခွန်းပြန်ထုတ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ 



ဆန်ချိုကတော့ ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေသူဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ၂ပွဲတည်းသာ ပွဲထွက်ခွင့်ရနေပြီး စုစုပေါင်း ၈ ပွဲကစားပေးခဲ့ပြီးရာမှာ သွင်းဂိုးနဲ့ ဖန်တီးမှု လုံးဝမပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ ရွေးချယ်ခံလိုက်ရပြီး ဆောက်ဂိတ်က သူ့အနေနဲ့ ဆန်ချိုရုန်းကန်နေရတဲ့အပေါ်မှာ မအံ့သြဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

"ဆောက်ဂိတ်နဲ့အင်တာဗျူးက ပြီးသွားပြီလား၊ ဆန်ချိုက ထူးခြားတဲ့ကစားသမားပါ၊ လျှပ်စစ်လိုမြန်ဆန်သူလည်းဖြစ်ပါတယ်၊ ပရိသတ်တွေက သူ့ကိုချစ်မြတ်နိုးပါတယ်" လို့ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။ "ပရိသတ်တွေနဲ့ သူ ဆက်သွယ်မှုတွေရှိနေတယ်လို့ ကျွန်တော်ခံစားရပါတယ်၊ သူ့ကို ကျွန်တော်တိုက်ရိုက်ပြောချင်တာကတော့ ကစားသမားတွေကို အကြိမ်ကြိမ်ဖြတ်ကျော်နိုင်ဖို့ဘဲဆိုတာပါ"

"မှန်ပါတယ်၊ သူ ဂိုးမသွင်းနိုင်သေးပါဘူး၊ ဒါပေမယ့် ဗီလာရီးရဲလ်နဲ့့ပွဲမှာ ကျွန်တော့်အတွေးကတော့ ဒါက ဆန်ချိုပဲဆိုတာပါ၊ ဂါရတ်ဆောက်ဂိတ်ပြောခဲ့တာတွေက ဆန်ချိုအတွက်အရေးကြီးပါတယ်၊ ဆန်ချိုကို သူတို့ယုံကြည်တယ်ဆိုတာ သိပါတယ်၊ သူ့အတွက် အချိန်တွေရင်းနှီးပေးခဲ့ပါတယ်၊ ဆန်ချိုက ထိပ်တန်းကစားသမားဖြစ်လာမှာပါ၊ သူ့ရဲ့စွမ်းဆောင်ရည်တွေလည်း လာပါလိမ့်မယ်၊ ဒီအတွက် ကျွန်တော်မစိုးရိမ်ပါဘူး၊ အင်္ဂလန်မှာ သူ ကောင်းကောင်းကစားပြနိုင်မယ်ဆိုတာ သေချာပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

ဆောက်ဂိတ်ပြောခဲ့တာကတော့ "ပြီးခဲ့တဲ့အပတ်တွေက သူ့စွမ်းဆောင်ရည်တွေနဲ့ဆို ရွေးချယ်ခံရဖို့ ထိုက်တန်လားဆိုရင် မတန်ပါဘူးလို့ပဲပြောရမှာပါ၊ ဒါပေမယ့်လည်း ဆန်ချိုအတွက် အရင်တုန်းက ကျွန်တော်တို့ အချိန်တွေရင်းနှီးခဲ့ပါတယ်၊ သူ့ရဲ့မြင့်မားတဲ့အဆင့်ကို ရောက်လာမယ်ဆိုတာ ယုံကြည်ပါတယ်" လို့ ဖြစ်ပါတယ်။ 

Share

က္က