+1 နဲ့ စထားတဲ့ အမေရိကန်ဖုန်းနံပါတ်တွေကို ဒီ Spyware ဟာ ပစ်မှတ်မထားနိုင်ဘူးလို့လည်း NSO ဘက်က ပြောဆိုထားပါတယ်။

iPhone ကိုင်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၉ ဦးထက်မနည်း အစ္စရေးထုတ် အဆင့်မြင့် spyware ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

နာမည်ကျော် အစ္စရေးဆိုက်ဘာကုမ္ပဏီတစ်ခုဖြစ်တဲ့ NSO Group ထုတ် spyware ဟာ ယူဂန်ဒါနိုင်ငံ သံရုံးနဲ့ နိုင်ငံနဲ့ ချိတ်ဆက်အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း အနည်းဆုံး ၉ ဦးရဲ့ iPhone ကို Hacking လုပ်ခဲ့တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြခဲ့ပြီး Wall Street Journal ရဲ့ သတင်းသစ်မှာ အမေရိကန်နဲ့ ယူဂန်ဒါသံရုံးဝန်ထမ်း စုစုပေါင်း ၁၁ ဦးအထိ NSO Group ရဲ့ သူလျှိုဆော့ဖ်ဝဲလ်နဲ့ ထောက်လှမ်းခံထားရတယ်လို့ ဆိုထားပါတယ်။ 



Photo: kfindtech


NSO Group ထုတ် spyware ကိုသုံးပြီး ဘယ်အဖွဲ့က လုပ်ဆောင်နေသလဲမသိရသေးပေမယ့် NSO Group ကတော့ သူ့ရဲ့ ဆော့ဖ်ဝဲလ်ကို အစ္စရေးအစိုးရခွင့်ပြုချက်ပေးထားတဲ့ အစိုးရအဖွဲ့အစည်းတွေကိုပဲ ရောင်းချတာ ဖြစ်တယ်လို့ ပြောထားပါတယ်။ NSO Group ရဲ့ ဆော့ဖ်ဝဲလ်ကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ယူပြီးမှ တခြားအစိုးရအေဂျင်စီတွေကို ပြန်ရောင်းတာဖြစ်ပြီး ဖောက်သည်တွေအနေနဲ့ သူ့ ဆော့ဖ်ဝဲလ်ကို သုံးပြီး ဘယ်သူ့ကို စပိုင်လုပ်နေသလဲ မသိဘူးလို့ NSO တည်ထောင်သူတစ်ဦးဖြစ်တဲ့ ရှာလက်ဗ် ဟူလီယိုက ဆိုပါတယ်။ 

ဒါ့အပြင် နိုင်ငံကုဒ်နံပါတ် +1 နဲ့ စထားတဲ့ အမေရိကန်ဖုန်းနံပါတ်တွေကို ဒီ Spyware ဟာ ပစ်မှတ်မထားနိုင်ဘူးလို့လည်း NSO ဘက်က ပြောဆိုထားပါတယ်။ Reuters သတင်းအရ spyware ပစ်မှတ်ထားခံရတဲ့ ကန်နိုင်ငံခြားရေးဌာနဝန်ထမ်းတွေဟာ နိုင်ငံခြားတယ်လီဖုန်းနံပါတ်တွေပဲ သုံးနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထုတ်ကုန်တွေကိုတော့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်လုပ်ငန်းသုံးဖို့အတွက် ထုတ်ပေးထားတာလည်း ဖြစ်ပါတယ်။ အခု တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ လအတော်များများက ဖြစ်ပျက်ခဲ့တာလို့လည်း သတင်းက ဖော်ပြထားပါတယ်။ 

Photo: Middle East Eye


အစ္စရေးဆိုက်ဘာကုမ္ပဏီ NSO Group ထုတ် Pegasus spyware ဟာ သူကူးစက်ထားတဲ့ iOS နဲ့ Android ထုတ်ကုန်တွေရဲ့ ဖုန်းကင်မရာနဲ့ မိုက်ခရိုဖုန်းတွေကို အဝေးကနေ ယူသုံးနိုင်တာ ၊ အချက်အလက်တွေ ဝင်ရောက်ကြည့်ရှုနိုင်တာမျိုး လုပ်နိုင်စွမ်း ရှိပါတယ်။ Pegasus spyware ဟာ Zero-Click Attack လို့ခေါ်တဲ့ link ဝင်မကစ်လည်း spyware သွင်းနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။

၂၀၂၁ နှစ်ဆန်းပိုင်းက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့အဆိုအရ ဂျာနယ်လစ်တွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေနဲ့ ဆိုင်တဲ့ iPhone မော်ဒယ်တွေဟာ NSO Group ထုတ် malware တစ်ခုဖြစ်တဲ့ Pegasus ဆော့ဖ်ဝဲလ်ကူးစက်ခံထားရကြောင်း တွေ့ထားတယ်လို့ ထုတ်ပြန်ပါတယ်။ Apple ကုမ္ပဏီကလည်း iPhone တွေ Unlock လုပ်ပြီး အထဲက အချက်အလက်တွေယူတဲ့အတွက် NSO Group ကို ကယ်လီဖိုးနီးယားမြောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ 

Share

Loading Next Article...
က္က