ချယ်လ်ဆီးနဲ့ပွဲမှာ မန်ဒီရဲ့လက်စွမ်းပြမှုကြောင့် ဘရန့််ဖို့ဒ်တို့ အနည်းဆုံးသရေတစ်မှတ်ရရှိမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီး ၁-၀ နဲ့ ကပ်အရေးနိမ့်ခဲ့ရပါတယ်။
ချယ်လ်ဆီးကို အိမ်ကွင်းမှာ ကံဆိုးလို့သာ အရေးနိမ့်ခဲ့ရပေမယ့် သူ့အသင်းသားတွေဟာ ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှုမျိုးကို သူ ပေးထားတယ်လို့ ဘရန်ဖို့ဒ်နည်းပြသောမတ်စ်ဖရန့်က ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ မန်ဒီရဲ့လက်စွမ်းပြမှုကြောင့် ဘရန့််ဖို့ဒ်တို့ အနည်းဆုံးသရေတစ်မှတ်ရရှိမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီး ၁-၀ နဲ့ ကပ်အရေးနိမ့်ခဲ့ရပါတယ်။
ဒီရာသီမှာ တန်းတက်လာခဲ့ပြီးနောက် အဖွင့်ပွဲမှာ အာဆင်နယ်လိုအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့နောက် ဘရန်ဖို့ဒ်အပေါ် စိတ်ဝင်စားသူတွေများပြားလာခဲ့ပါတယ်။ ပျားတွေလို့ နာမည်ပြောင်ရထားတဲ့ ဘရန်ဖို့ဒ်ဟာ လီဗာပူးလ်ကိုလည်း ၃ ဂိုးစီသရေကစားနိုင်ခဲ့ပြီး ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ရှုံးပွဲတစ်ပွဲတည်းသာ
တွေ့ထားကာ တန်းတက်အသင်းမှဟုတ်ပါလေစလို့ ထင်ရလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
နည်းပြဖရန့်ကလည်း "ဥရောပချန်ပီယံနဲ့ ကျွန်တော်တို့ ကစားခဲ့ရတာပါ၊ ပရီးမီးယားလိဂ်ရဲ့ အဆင့်တစ်အသင်း၊ ကျွန်တော်တို့ အဝေးကန်သွင်းချက် ၅ ကြိမ်တောင်ရခဲ့တယ်၊ သူတို့မှာ ဘလွန်းဒီအောဆုရဖို့ စာရင်းပေါက်နေသူ ၅ ဦး ပါလာခဲ့တယ်၊ ဘယ်လောက်ရူးချင်စရာကောင်းလဲ၊ နိုင်ပွဲမရဖို့အတွက် အရမ်းကံဆိုးခဲ့တာပါ၊ ချယ်လ်ဆီးကလည်း ဒါကို အသိအမှတ်ပြုလိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။