မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့တဲ့အပြင် နောက်ခံလူနှစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းရားနဲ့ လုခ်ရှောတို့ ဒဏ်ရာကိုယ်စီရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးနေရာနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမပြီးခင်မှာတင် မက်ဂွိုင်းရားက ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရပါတယ်။ မက်ဂွိုင်းရားဟာ ဒဏ်ရာရရှိပြီးနောက် ဆက်ကစားဖို့ ကြိုးစားခဲ့သေးပေမယ့် ဘယ်လိုမှမဖြစ်နိုင်တော့တာကြောင့် အီဗန်စ်နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ ဒီဒဏ်ရာပြဿနာတွေကြောင့် အသင်းက ကျိန်စာမိနေတယ်လို့ ယူဆနေကြပြီး ဆိုရှယ်မီဒီယာမှာ မှတ်ချက်ပြုခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ အသင်းအတွက် ဒီနောက်ပိုင်း တော်တော်လေး ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။