ပရီးမီးယားလိဂ်ဘောလုံးရာသီစတင်မှုနဲ့အတူ ပေါလ်မာဆွန်ကတော့ သူ့ရဲ့ ခန့်မှန်းချက်တွေနဲ့အတူ ပြန်ထွက်ပေါ်လာခဲ့ပါပြီ။ ဒီနေ့ညမှာ စကစားမယ့် ပဲလေ့စ်နဲ့ အာဆင်နယ်ပွဲအပါအဝင် အသင်းကြီးတွေရဲ့ ပွဲတွေကို ပေါလ်မာဆွန်က ခန့်မှန်းပေးထားပါတယ််။
ပဲလေ့စ် - အာဆင်နယ်
ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က ရာသီအစမကောင်းခဲ့ဘူး၊ ဒါပမေယ့် သူတို့မှာ ကိုဗစ်ပြသနာတွေရှိနေခဲ့တာပါ၊ ဒီတပတ်မှာ ပဲလေ့စ်က အာဆင်နယ်ရဲ့ ဂိုးတွေဆက်တိုက်သွင်းနေတာကို ရပ်တန့်နိုင်ဖို့ကို ကျနော်ကတော့မမြင်ဘူး၊ လက်ရှိမှာ အာဆင်နယ်က ဂျီးဆပ်၊ ဆာကာ၊ မာတင်နယ်လီတို့နဲ့ အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားတာပါ၊ စမစ်ရိုးနဲ့ အန်ကီတီယာလည်းရှိနေပါသေးတယ်။ သူတို့မှာရွေးချယ်စရာတွေအများကြီးပါ။ ဒီပွဲက အာဆင်နယ်အတွက် ပွဲကြီးပါ၊ သူတို့ အသင်းကိုအထိုင်ချထားနိုင်ဖို့ လိုပါတယ်၊ သူတို့ရှုံးခဲ့ရင်တော့ မူလလက်ဟောင်းအာဆင်နယ်ပဲလို့ လူတွေကပြောလိမ့်မယ်။ ဒီပွဲကိုသူတို့အနိုင်ရဖို့ လိုအပ်ပါတယ်။ ပဲလေ့စ် ၁-၃ အာဆင်နယ် ပါ။
ဖူလ်ဟမ် - လီဗာပူးလ်
ချန်ပီယံရှစ်မှာ ဖူလ်ဟမ်က တိုက်စစ်ကိုပဲ ကစားခဲ့ကြတာပါ၊ အခုတော့ သူတို့ကစားသမားအားလုံးကို ဘောလုံးနောက်မှာပဲ ထားကစားတော့မယ်ထင်ပါတယ်၊ အဲဒါက ပြသနာဖြစ်မှာပါ၊ နူနက်ဇ်ကို ဒီပွဲမှာ စကစားစေချင်တယ်၊ ဒါက ထိပ်တန်း ၆ သင်းနဲ့ ရင်ဆိုင်ရတာမဟုတ်ပါဘူး၊ သူ ကစားဖို့လိုအပ်ပြီး ဂိုးသွင်းနိုင်မှာသေချာပါတ်ယ၊ ရာသီအစဆို ထုံးစံအတိုင်း တန်းတက်အသင်းတွေက တခုခုလုပ်ပြတတ်ပါတယ်၊ ဒါပေမယ့် ဒီပွဲကို လီဗာပူးလ်က အလွယ်တကူနိုင်မှာပါ။ ဖူလ်ဟမ် ၀-၂ လီဗာပူးလ် ပါ။
အဲဗာတန် - ချယ်လ်ဆီး
ရာသီကြိုမှာ နှစ်သင်းစလုံးရုန်းကန်ခဲ့ရတယ်၊ အဲဗာတန်ကွင်းက ကစားရခက်ပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာ သူတို့အသင်းက တကယ်စိတ်ဆင်းရဲစရာပါ၊ ချယ်လ်ဆီးက ကိုင်ဟာဗက်ဇ်ကို ဗဟိုတိုက်စစ်မှာထားကစားသင့်တယ်၊ စတာလင်ကလည်း ချယ်လ်ဆီးမှာ ပုံစံသစ်နဲ့ ကစားသမားဖြစ်နေပါတယ်၊ ဘယ်ကနေ ချယ်လ်ဆီး ဂိုးသွင်းမလဲဆိုတာ ကျနော်မသိဘူး၊ အဲဒါက ပြသနာပါ၊ အဲဗာတန်က သူတို့ကို အခက်တွေ့အောင်လုပ်နိုင်ပေမယ့် ချယ်လ်ဆီးက ကပ်နိုင်မယ်ထင်ပါတယ်။ အဲဗာတန် ၁-၂ ချယ်လ်ဆီး ပါ။
ယူနိုက်တက် - ဘရိုက်တန်
ရော်နယ်ဒိုကို ဖယ်ထုတ်မယ်ဆိုရင် တန်ဟက်ဂျ်မှာ အစားထိုးစရာမရှိပါဘူး၊ ဒါက သူပအတွက်တော့ ပြသနာပါပဲ၊ သူသာ ဆက်ရှိနေမယ်ဆိုရင်တော့ ကျနော်က မာရှယ်ထက် ပိုပြီးဦးစားပေးမိမှာပါ၊ ယူနိုက်တက်က 3 backs နဲ့ ကစားသင့်တယ်လို့ ကျနော်ထင်တယ်၊ ဗာရန်း၊ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ပေါ့၊ ဘရိုက်တန်က အိုးထရက်ဖို့ဒ်မှာ အိမ်ရှင်ပုံစံနဲ့တောင် ကစားမလားမသိဘူး၊ ဘောလုံးကိုင်ထားပြီး ယူနိုက်တက်ကို စိတ်ပျက်စေမှာပါ၊ ယူနိုက်တက်ကိုပဲ ကျနော်အားပေးမယ်ဆိုပေမယ့် သူတို့အမှတ်လျော့မယ်ဆိုလည်း မအံ့ဩပါဘူး။ ယူနိုက်တက် ၂-၁ ဘရိုက်တန်ပါ။
ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်များ
ပဲလေ့စ် ၁-၃ အာဆင်နယ်
ဖူလ်ဟမ် ၀-၂ လီဗာပူးလ်
ဘုန်းမောက် ၀-၂ ဗီလာ
နယူးကာဆယ် ၂-၀ ဖောရက်စ်
စပါး ၂-၀ ဆောက်သမ်တန်
လိဒ် ၁-၁ ၀ုလ်ဗ်
အဲဗာတန် ၁-၂ ချယ်လ်ဆီး
လက်စတာ ၂-၁ ဘရန်ဖို့ဒ်
ယူနိုက်တက် ၂-၁ ဘရိုက်တန်
ဝက်စ်ဟမ် ၁-၁ မန်စီးတီး