ဆီဗီလာနဲ့ပွဲမှာ လှပတဲ့သွင်းဂိုးတဂိုးကို ရယူနိုင်ခဲ့တာပါ။

ဆီဗီလာကို ဘာစီလိုနာက ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူငယ်ကြယ်ပွင့်ပီဒရီက တလုံးတည်းသောအနိုင်ဂိုးကို မိနစ် ၇၀ ကျော်မှာ သွင်းယူပေးခဲ့ပါတယ်။ ဂိုးဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဒီနီုင်ပွဲနဲ့အတူ ဘာစိလိုနာတို့ အမှတ်ပေးဇယားအဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ကာ ဇာဗီလက်ထက်မှာ ခေါင်းပြန်ထောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ပီဒရီကတော့ သူ ကန်သွင်းလိုက်ချိန်မှာပဲ ဂိုးဝင်မယ်ဆိုတာကို သိနေတယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ပီဒရီဟာ ဒမ်ဘီလီရဲ့ ပေးပို့မှုကို ရရှိခဲ့တဲ့နောက် ဘောလုံးဖြတ်ထုတ်ဖို့ ပြေးဝင်လာတဲ့ ရာကီတစ်ကို လှလှပပလှည့်စားကာ ကန်သွင်းမလိုဟန်ပြင်ပြခဲ့သလို နောက်ထပ်တယောက်ကိုလည်း အလားတူလှည့်စားပြီးမှ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ 



"ဒီလိုဂိုးမျိုးကို တူရကီမှာလည်း ကျနော်သွင်းဖူးတယ်၊ ဘောလုံးဖြတ်ထုတ်ဖို့ ပြေးဝင်လာတဲ့ ခြေထောက်ကိုတွေ့ပြီးတဲ့နောက် ကျနော် ကန်သွင်းမလိုဟန်ပြင်ပြီး လှည့်စားလိုက်တယ်၊ ပြီးတော့မှ ကန်သွင်းလိုက်တာ၊ ကန်သွင်းလိုက်ချိန်မှာ ဘောလုံးထွက်သွားတာကို ကြည့်ပြီးတော့ ဒါ ဂိုးပြီဆိုတာကို ကျနော်သိလိုက်တယ်" လို့ ပီဒရီက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 

ဇာဗီရဲ့လက်အောက်မှာ ဘာစီလိုနာရဲ့ အကျော်ကြားဆုံးကစားသမားတဦးအဖြစ် ရှိလာတဲ့ ပီဒရီအတွက် နောက်ထပ်ခြေစွမ်းပြခဲ့တဲ့ပွဲဖြစ်ပါတယ်။ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ အင်နီယေစတာတို့နဲ့ ခိုင်းနှိုင်းခံရတဲ့အထိ ပီဒရီက ကျော်ကြားနေပြီဖြစ်ကာ အသင်းပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က