နောက်တဆင့်တက်ခဲ့ပေမယ့် မိုဒရစ်တို့တသိုက် ရုန်းကန်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်မှာ သူ ရင်ဆိုင်ခဲ့ဖူးသမျှ အသင်းတွေထဲ ချယ်လ်ဆီးက အခက်ခဲဆုံးပဲလို့ မနေ့ကပွဲအပြီးမှာ ရီးရဲလ်ကွင်းလယ်လူမိုဒရစ်က ပြောဆိုလိုက်ပါတယ်။ ပထမအကျော့က ချယ်လ်ဆီးကွင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ရီးရဲလ်ဟာ အိမ်ကွင်းမှာ ၂-၃ နဲ့ အရေးနိမ့်အောင်ကို မနည်းကစားခဲ့ရပြီး အချိန်ပိုမှာ ဘန်ဇီမာသွင်းယူခဲ့တဲ့ဂိုးကြောင့်သာ နောက်တဆင့်တက်နိုင်ခဲ့ပြီး ချယ်လ်ဆီးက ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ 

အိမ်ကွင်းအရှုံးကို ချေဖျက်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာတဲ့ ချယ်လ်ဆီးက မိုဒရစ်ဦးဆောင်တဲ့ ရီးရဲလ်ကွင်းလယ်ကို လှုပ်မရအောင်ထိန်းချုပ်နိုင်ခဲ့ပြီး မေဆန်မောင့်၊ ရူဒီဂါ၊ ဝါနာတို့ရဲ့ ဂိုးတွေနဲ့အတူ ဦးဆောင်ထားနိုင်ခဲ့ပြီး နောက်တဆင့်ကို တက်နိုင်ဖို့ စိတ်ချရတဲ့ အနေအထားကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၈၀ မှာတော့ မိုဒရစ်ရဲ့ လှပတဲ့ဖန်တီးပေးမှုကနေ ရိုဒရိုင်ဂိုရဲ့ ချေပဂိုးပေးခဲ့ရပြီး အချိန်ပိုမှာ ဘန်ဇီမာသွင်းယူတဲ့ဂိုးကြောင့် ချယ်လ်ဆီးတို့ ချန်ပီယံလိဂ်ကထွက်ခဲ့ရပါတယ်။ 

ဒါပေမယ့် ချယ်လ်ဆိးရဲ့ ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုက ထိပ်တန်းအဆင့်မှာရှိနေခဲ့ပြီး မိုဒရစ်ကိုယ်တိုင်က ချီးကျူးသွားခဲ့ရပါတယ်။ ခရိုအေးရှားသားက ပွဲအပြီးမှာတော့ "နည်းပြက ကောင်းမွန်တဲ့ပြောင်းလဲမှုတွေလုပ်နိုင်ခဲ့လို့ ကျနော်တို့ နောက်တဆင့်တက်ခဲ့တာပါ၊ ဒိလိုပြိုင်ပွဲမျိုးက အတွေ့အကြုံရင့်ကစားသမးတွေက အရေးပါပြီး ဒီနေ့မှာ အဲဒါက နည်းနည်းလေးအကူအညီဖြစ်ခဲ့ပါတယ်"

"ဒါပေမယ့် ချယ်လ်ဆီးခြေစွမ်းကို ပထမအကျော့မှာကတည်းက သိခဲ့တာတောင်မှ ဒီနေ့မှာ ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်၊ သူတို့က ကျနော်ကစားခဲ့ဖူးသမျှထဲမှာ အခက်ဆုံးအသင်းပါ၊ ကိုဗာဆစ်ရှိနေလို့ သူတို့ကစားတာကို ကျနော်အများကြီးကြည့်ဖူးတယ်၊ သူတို့ကအရမ်းခက်ခဲတဲ့ အသင်းပါ၊ ရုပ်ပိုင်းဆိုင်ရာအရလည်း သန်မာလွန်းပါတယ်၊ ခက်ခဲမယ်ဆိုတာ သိထားတဲ့အတိုင်းဖြစ်ခဲ့တာပါ"

"ဒါပေမယ့် ကျနော်တို့ရဲ့ စရိုက်လက္ခဏာကို ထပ်ပြနိုင်ခဲ့ပြီးတော့ အံ့အားသင့်စရာညတညဖြစ်ခဲ့ရပါတယ်၊ ဒီရှုံးပွဲက အရမ်းချိုမြိန်တဲ့ ရှုံးပွဲပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က