ပြိုင်ဘက်အသင်းကို လွယ်လင့်တကူနဲ့ကစားပြီး အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂွာဒီယိုလာက ပွဲထွက်စာရင်းကို အချိန်ပြည့်အသုံးပြုသွားခဲ့တာလည်းဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွာဒီယိုလာက အဆိုပါပွဲမှာ ဘာကြောင့်လူစားမလဲလှယ်ခဲ့ရလဲဆိုတာကို ပြောပြလိုက်ပါတယ်။ ပြိုင်ဘက်အသင်းကို လွယ်လင့်တကူနဲ့ကစားပြီး အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂွာဒီယိုလာက ပွဲထွက်စာရင်းကို အချိန်ပြည့်အသုံးပြုသွားခဲ့တာလည်းဖြစ်ပါတယ်။
တဖက်မှာတော့ ယူနိုက်တက်က လူစားလဲမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် သိက္ခာဆယ်ချေပဂိုးလေးတောင်မရခဲ့ဘဲ အရေးနိမ့်ခဲ့ပါတယ်။ မန်စီးတီးဟာ ဒုတိယပိုင်းကို သက်တောင့်သက်သာနဲ့ကစားသွားခဲ့ပြီး အနိုင်သုံးမှတ်ကို အိမ်အပြန်သယ်ယူသွားခဲ့ပါတယ်။ လူစားမလဲလှယ်ခဲ့တဲ့အတွက် ဂွာဒီယိုလာက သူ့ကစားသမားတွေကို တောင်းပန်စကားလည်းပြောဆိုခဲ့ပြီး အခုလိုပဲရှင်းပြခဲ့ပါတယ်။
"'ဒါကပဲ ပွဲတစ်ပွဲမှာ ကျွန်တော်တို့ ထောင်ပေါင်းများစွာပေးပို့မှုတွေ ဘာကြောင့်လိုအပ်လဲဆိုတာပါပဲ၊ ဒီလိုပွဲမျိုးကို ကျွန်တော်တို့ လိုအပ်နေခဲ့ပါတယ်၊ ဒါကိုထိန်းသိမ်းထားရမှာပါ၊ ဒုတိယပိုင်းမှာ သူတို့ကြိုးစားခဲ့ပေမယ့် ဘာမှမလုပ်နိုင်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ခြေထဲမှာ ဘောလုံးရှိနေလို့ပါပဲ" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်ကတော့ လီဗာပူးလ်ကို ၅-၀ နဲ့ ရှုံးပြီး ၁၃ ရက်အတွင်းမှာပဲ နောက်ထပ်အိမ်ကွင်းပွဲကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားအတွက် ဖိအားတွေရှိလာခဲ့ပြီဖြစ်ပြီး သူ့ကိုထုတ်ပယ်ဖို့တောင်းဆိုသံတွေကလည်း ပိုမိုကျယ်လောင်လာခဲ့ပါတယ်။