ကာဗာနီတယောက် ဒေါသပေါက်ကွဲခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ယူနိုက်တက်ပွဲအပြီးမှာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီက ပရိသတ်တွေကို ကိုယ်လက်အမူအရာနဲ့ ဆဲဆိုပြီး အသင်းဘတ်စ်ကားပေါ် တက်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီနောက်ဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲမှာ ကာဗာနီက အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဒါဟာ သူ့အတွက် ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲစဥ်လည်းဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ကာဗာနီအနေနဲ့ ဥရောပမှာပဲ ဆက်ရှိမလား ဒါမှမဟုတ် တောင်အမေရိကကို ပြန်မလား ဆုံးဖြတ်ရတော့မှာပါ။

ဒါပေမယ့် သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲကတော့ မသာယာခဲ့ပါဘူး။ ကာဗာနီတယောက် ပွဲအပြီး အသင်းဘတ်စ်ကားဆီအသွားမှာ ကြိုတင်စောင့်ဆိုင်းနေတဲ့ ပရိသတ်အချို့က ကာဗာနီကို အော်ဟစ်ဝေဖန်ခဲ့ကြပါတယ်။ ကာဗာနီကတော့ ဒီလိုမျိုး ဝေဖန်မှုတွေကို ပြတ်ပြတ်သားသားပဲ လက်ခလယ်ထောင်ပြပြီး တုံ့ပြန်သွားခဲ့ပါတယ်။

ကာဗာနီဟာ ကားအနားကို ရောက်ရှိလာတဲ့အချိန်မှာ ပရိသတ်အုပ်ထဲကို လက်ညှိုးထိုးပြီး သုံးကြိမ်တိတိ လက်ခလယ်ထောင်ပြပြီးမှ ကားပေါ်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကားပေါ်ရောက်သွားပြီးချိန်မှာလည်း ကာဗာနီက ပရိသတ်အုပ်ထဲကို လက်ညှိုးထိုးကာ တစုံတခု ရန်တွေ့ပြောကြားခဲ့ပါသေးတယ်။



အသင်းက ရလဒ်ဆိုးနေချိန်မှာ ကစားသမားကပါ ဒါမျိုး တုံ့ပြန်ခဲ့တာ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ အသင်းဘတ်စ်ကားဘေးနားမှာရှိနေတဲ့ ပရိသတ်တွေက ကာဗာနီကို ဘယ်လိုမျိုးလှောင်ပြောင်ခဲ့တယ်၊ ကာဗာနီက ဘယ်လိုစကားလုံးမျိုးနဲ့ တုံ့ပြန်ခဲ့တယ်ဆိုတာတော့ ကွဲကွဲပြားပြား မသိရှိရပါဘူး။

ဒါပေမယ့် ကာဗာနီကတော့ ပရော်ဖက်ရှင်နယ်မပီမသ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်ဒို ယူနိုက်တက်ကို ရောက်လာမယ်မှန်းသိရင် အသင်းကနေ စောစောထွက်ခွာဖြစ်မယ်လို့လည်း ပြောကြားခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က