ကာဆာနိုက ပြန်လည်ဖောက်သည်ချခဲ့တဲ့ အကြောင်းအရာဖြစ်ပါတယ်။

ရိုးမား၊ ရီးရဲလ်၊ အေစီ၊ ပါးမားကစားသမားဘ၀တွေမှာ ဂိုးပေါင်း ၁၀၀ ကျော်သွင်းယူခဲ့တဲ့ ကာဆာနိုက ရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေကို အခါအားလျော်စွာပြုလုပ်နေခဲ့သူလည်းဖြစ်ပါတယ်။ 


အီတလီလက်ရွေးစင်ကစားသမားဟောင်းကာဆာနိုက သူ့ဆီကို ရော်နယ်ဒိုက မက်ဆေ့ချ်ပေးပို့ခဲ့ကာ လေးစားမှုရှိဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရိုးမား၊ ရီးရဲလ်၊ အေစီ၊ ပါးမားကစားသမားဘ၀တွေမှာ ဂိုးပေါင်း ၁၀၀ ကျော်သွင်းယူခဲ့တဲ့ ကာဆာနိုက ရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေကို အခါအားလျော်စွာပြုလုပ်နေခဲ့သူလည်းဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလအတွင်းကလည်း သူက ရော်နယ်ဒိုကို တကိုယ်ကောင်းဆန်သူဖြစ်ပြီး ဂိုးသွင်းဖို့သာအာရုံစိုက်နေကာ ဘောလုံးအတွက် ရှင်သန်နေတာမဟုတ်ဘဲ သူ့ရဲ့သွင်းဂိုးတွေအတွက်သာ ရှင်သန်နေသူလို့ ဝေဖန်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်းမှာလည်း ရော်နယ်ဒိုရဲ့ အေးဂျင့်မန်ဒက်စ်က သူ့ကစားသမားကို ထာ၀ရအကောင်းဆုံးကစားသမားလို့ပြောဆိုအပြီး ကာဆာနိုက သူ့အတွက်တော့မဟုတ်ဘူးလို့ ထပ်မံပြောကြားခဲ့ပါတယ်။ 

Twitch Channel ကတဆင့် အင်တာတိုက်စစ်မှူးဟောင်းဗီယာရီနဲ့ ဆွေးနွေးမှုမှာ ကာဆာနိုက "ကျွန်တော့်ဆီ သူ စာပို့ခဲ့တယ်၊ သူ့အပေါ်လေးစားမှုရှိဖို့အတွက်တောင်းဆိုခဲ့ပြီး ဘာကြောင့်လဲဆိုရင်တော့ သူက ဆုဖလားတွေရယူနိုင်ခဲ့ပြီး ဂိုးတွေလည်းသွင်းယူနိုင်ခဲ့တာမို့လို့တဲ့၊ ကျွန်တော်ကတော့ အမှန်တရားကိုပြောဖို့ မကြောက်ပါဘူး၊ ဘယ်သူနဲ့မဆိုရင်ဆိုင်မှာပါ၊ ပုပ်ရဟန်းမင်းကြီးကိုတောင် ရင်ဆိုင်ဝံ့ပါတယ်"

"ကျွန်တော် ဘူဖွန်ကို ဖုန်းခေါ်ပြီးမေးတော့ သူ့ဆီကနေ ဖုန်းနံပါတ်ရသွားတာလို့ ပြောခဲ့ပါတယ်၊ သူ့ကို ကျွန်တော်ကောင်းကောင်းမွန်မွန်ပဲ​ ပြန်ပြောခဲ့ပါတယ်၊ ရော်နယ်ဒို၊ မင်းမှာ အားလုံးပိုင်ဆိုင်နေပြီ၊ စိတ်လျှော့ပြီး သက်တောင့်သက်သာလေးနေ၊ မက်ဆီကို မင်း အတုယူသင့်တယ်၊ သူဆိုရင် ဘယ်သူဘာပြောပြော ဂရုစိုက်နေတာမဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်"

"ဒီအကြောင်းတွေကို ဘူဖန်လည်းသိတယ်၊ သူဆိုရင် ရယ်နေတာ၊ ချီလီနီလည်း သိတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ကာဆာနိုကို မက်ဆေ့ချ်ပို့ပြီး ဖြဲ ကာမှ မက်ဆီကို အတုယူပါဆိုပြီးတောင် ထပ်အပြောခံလိုက်ရလို့ တော်တော်လေးပေါက်ကွဲမယ့်သဘောမှာ ရှိနေခဲ့ပါတယ်။ 

Share

က္က