တန်ဟက်ခ်ကတော့ ပေါက်ကွဲခဲ့ရပါတယ်။

ယူနိုက်တက်ကစားသမားတွေဟာ နယူးကာဆယ်ကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ပြီး ကာရာဘောင်ဖလားကနေ ထွက်ခဲ့ရတဲ့ပွဲမှာ နည်းပြ တန်ဟက်ခ်ရဲ့ ညွှန်ကြားမှုတွေကို လိုက်နာခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်ဲ့ အရေးနိမ့်နေခဲ့တာပါ။



တန်ဟက်ခ်အတွက်တော့ ဒါက ပြိုင်ပွဲစုံမှာ နှစ်ပွဲဆက်တိုက် ရှုံးပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်တို့ အနိုင်ယူခဲ့တဲ့ နယူးကာဆယ်ကို ပြန်လည်ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ တန်ဟက်ခ်က ကစားသမားတွေကို ပွဲအပေါ် အာရုံစိုက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက် ကစားသမားတွေကတော့ မာရှယ်လ်က ဒမ်းမတ်ကို ပြစ်ဒဏ်ကျူးလွန်လို့ ပြစ်ဒဏ်ဘော ပေးခံရချိန်မှာ ကွင်းလယ်ဒိုင်ကို စောဒကတက်ဖို့အတွက်သာ အာရုံရောက်နေခဲ့ပါတယ်။ တန်ဟက်ခ်ကတော့ ဒီမတိုင်ခင်ကတည်းက ကစားသမားတွေကို ဘောလုံးကစားဖို့ တစ်ခုတည်းအတွက် အာရုံစိုက်ဖို့ ညွှန်ကြားခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက်ကစားသမားတွေက ပွဲအပေါ် အာရုံစူးစိုက်မှု ပျောက်ဆုံးခဲ့ပြီး လီဝစ်ဟောရဲ့ ဒုတိယမြောက်သွင်းဂိုးကိုပါ ထပ်မံ ခွင့်ပြုလိုက်ရပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ပြန်လာဖို့ ခက်ခဲခဲ့ရပြီး နယူးကာဆယ်က ဒုတိယပိုင်းမှာ နောက်ထပ် အနိုင်ဂိုးသွင်းယူကာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
တန်ဟက်ခ်ကတော့ ဒုတိယဂိုးပေးလိုက်ရတဲ့ အနေအထားမှာ သူ့ကစားသမားတွေ ကိုယ့်နေရာကိုယ် မယူဘဲ ပွဲအပေါ် အာရုံစူးစိုက်မှုပျောက်ဆုံးခဲ့တာကို ဒေါသပေါက်ကွဲခဲ့ပါတယ်။ တန်ဟက်ခ်ကတော့ ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး အသင်းကတော့ စောစောစီးစီး ဆုဖလားတစ်လုံး လမ်းကြောင်းပေါ်ကနေ ဆင်းပေးလိုက်ရပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က