ချန်ပီယံလိဂ်ပြိုင်ဘက်တွေ အရေးနိမ့်ခဲ့လို့ အခွင့်သာခဲ့ပြန်ပါပြီ။

အဲရစ်တန်ဟက်ဂျ်ရဲ့ မန်ချက်စတာယူနိက်တက်ကတော့ သူ့ဘုန်းသူ့ကံနဲ့ကို လာတာလို့ ပြောရမလားပါပဲ။ အဓိကကစားသမားတွေ ဒဏ်ရာရသွားလို့ လက်ကျန်ရာသီကို ရုန်းကန်ရတော့မယ့်အချိန်ကို ရောက်သွားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ စိုးရိမ်နေရချိန်မှာ အနိးကပ်ပြိုင်ဘက်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ စပါးတို့ ရှုံးပွဲတွေ တွေ့သွားလို့ တော်တော်လေးအသက်ရှူချောင်သွားပါတယ်။ 

နယူးကာဆယ်က ယူနိုက်တက်ထက် ၁ပွဲပိုကစားထားပြီး ရမှတ်တူနေကာ စပါးက ၂ပွဲပိုကစားထားတာတောင်မှ တန်ဟက်ဂျ်တို့ထက် ၃ မှတ်လျော့နည်းနေပါတယ်။ ဒီတော့ လက်ကျန်ပွဲကစားဖို့ရှိနေတဲ့ ယူနိုက်တက်တို့ အခွင့်အရေးကောင်းကို ပြန်ရသွားပြီး ပြိုင်ဘက်တွေ ခြေချော်မှုကို အခွင့်အရေးအရယူထားနိုင်ဖို့သာ လိုအပ်ပါတော့တယ်။ 

ဒီနေ့မှာ သူတို့က နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားရမှာဖြစ်ပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်မယ့်အသင်းဖြစ်လို့ အခက်အခဲတွေတော့ ရှိလာမှာပါ။ ဒါပေမယ့် သူတို့အသင်းလူအင်အားနဲ့ဆိုရင်တော့ ဖောရက်စ်ကို အနိုင်ကစားဖို့ဆိုတာက အဲလောက်ထိ အခက်ကြီးလည်းမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒီပွဲကိုသာ အနိုင်ယူလိုက်ရင် ကာဆယ်ကို ၃ မှတ်၊ စပါးကို ၆ မှတ်အထိဖြတ်နိုင်တော့မှာပါ။ 

မာတီနက်ဇ်နဲ့ ဗာရန်းတို့ မပါဝင်နိင်တာကြောင့် ခံစစ်ပိုင်းအားနည်းသွားမှာဖြစ်ပေမယ့်လည်း ဒီလိုအခွင့်အရေးကို တန်ဟက်ဂျ်က လက်လွှတ်ခံမှာတော့မဟုတ်ပါဘူး။ သူတို့ကို ကံတရားက မျက်နှာသာပေးခဲ့လို့ ကာဆယ်နဲ့ စပါးတို့ ရှုံးပွဲတွေ့ချိန်မှာ အခွင့်အရေးမယူနိုင်ရင် ဒီထက်မိုက်မဲတာလည်း ရှိတော့မှာမဟုတ်ပါဘူး။ 


ယူနိုက်တက်ပရိသတ်တွေကတော့ ညက စပါးနဲ့ ကာဆယ်တို့ ရှုံးပွဲအတွက် ကျေနပ်နေကြပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို အရယူထားဖို့အတွက် အသင်းကို အားပေးတိုက်တွန်းနေကြပါပြီ။ 


Share

Loading Next Article...
က္က