ကာစီမီရို ပွဲပယ်ခံလိုက်ရတဲ့အတွက် အပျော်လွန်ပြီး ကခုန်နေလောက်ပြီလို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်နက်က အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကာစီမီရို ပွဲပယ်ခံလိုက်ရတဲ့အတွက် အပျော်လွန်ပြီး ကခုန်နေလောက်ပြီလို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ဗုဒ္ဓဟူးနေ့ညက ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ ၂၀၂၂-၂၀၂၃ ရာသီရဲ့ ၅ ကတ်မြောက် အဝါကတ်ပြား ပြသခြင်းခံခဲ့ရပြီးနောက် အဲရစ် တန်ဟက်ရဲ့အသင်းအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ၄၃ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် သွင်းယူခဲ့တဲ့သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲပြီးဆုံးခါနီး နာကျင်အချိန်မှာ မိုက်ကယ် အိုလစ်ဆေးရဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုကြောင့် ခရစ္စတယ် ပဲလေ့စ်အသင်းက နောက်ကျချေပဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

Sky Sports မှာ စကားပြောဆိုရာမှာ ရက်နက်က ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ် ဒုတိယပိုင်းက ကာစီမီရိုရဲ့ အဝါကတ်အပေါ် ထင်မြင်ချက်ကို မျှဝေခဲ့ပြီး "ကျွန်တော်တို့ ပွဲမတိုင်ခင် ကာစီမီရိုအကြောင်း ပြောကြားခဲ့ကြပြီး တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ပွဲမှာ သူ့ကို သူတို့တွေ လိုအပ်တာကြောင့် အဝါကတ်မထိဖို့ အရေးကြီးတယ်လို့ ပြောခဲ့ကြပါတယ်။ မိနစ် ၈၀ မှာ သူ အဝါကတ် ပြသခံခဲ့ရပြီး အဲဒီအခိုက်အတန့်က မန်ချက်စတာယူနိုက်တက်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ အဲဒါက သူတို့အတွက် အများကြီး အကျိုးသက်ရောက်မှုရှိခဲ့တယ်။ သူတို့တွေရဲ့ ကွင်းလယ်က ကြယ်ပွင့်ကစားသမားက သွားပြီဆိုတာကို သူတို့တွေ သိခဲ့တယ်"

"အဲဒါက မိုက်မဲတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ကာစီမီရိုက ဘောလုံးလုယူတဲ့လမ်းကြောင်းကနေ ထွက်သွားခဲ့တဲ့အတွက် အသင်းဖော် ဘရူနို ဖာနန်ဒက်စ်ကို ဒေါသထွက်ခဲ့ပါတယ်။ အာတီတာက အဲဒါကို မြင်တွေ့ခဲ့တဲ့အချိန်မှာ သူ့ရဲ့ ဧည့်ခန်းထဲမှာ ကခုန်နေမယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အရမ်းအရေးကြီးလို့ပါ။ ယူနိုက်တက်က သူတို့ရဲ့အသင်းထဲမှာ အဲဒီအခန်းကဏ္ဍမှာ ကစားနိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က