ကာစီမီရိုက ကွင်းလယ်မှာ နောက်ထပ် ကမ္ဘာ့အဆင့် ခြေစွမ်းမျိုး ပြသခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ကြာသပတေးနေ့က ဘာစီလိုနာနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဘောလုံးကန်ဖိနပ်မပါဘဲ ကစားနေတဲ့ ကာစီမီရိုရဲ့ ဗီဒီယိုဖိုင်ကို နှစ်သက်နေကြပါတယ်။

ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ နူးကမ့်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် လာမယ့် ကြာသပတေးနေ့ အိုးထရက်ဖို့ဒ်မှာ စိတ်လှုပ်ရှားဖွယ် ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ အဲရစ် တန်ဟက်ဟာ နူးကမ့်မှာ ကစားခဲ့တဲ့ခြေစွမ်းအတိုင်းပဲ အိမ်ကွင်းမှာ နောက်ထပ်တစ်ကြိမ် ထပ်မံပြသနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က စပိန်မြေမှာ ၎င်းရဲ့ ကောင်းမွန်တဲ့ခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။



ရက်ရှ်ဖို့ဒ်က ဘာစီလိုနာနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ တောက်ပခဲ့တဲ့ တစ်ဦးတည်းသော မန်ချက်စတာယူနိုက်တက်ကစားသမားတော့မဟုတ်ခဲ့ဘဲ ကာစီမီရိုက ကွင်းလယ်မှာ နောက်ထပ် ကမ္ဘာ့အဆင့် ခြေစွမ်းမျိုး ပြသခဲ့တာဖြစ်ပါတယ်။ ကာစီမီရိုဟာ ဂါဗီကို ထိန်းထားနိုင်ခဲ့ရုံသာမကဘဲ ဘောလုံးကန်ဖိနပ်မပါဘဲလည်း ကစားပြခဲ့တာဖြစ်ပြီး ဗီဒီယိုဖိုင်ထဲမှာ ဘရာဇီးလ်ကွင်းလယ်ကစားသမားက ပွဲဆက်မကစားခင် ၎င်းရဲ့ ဖိနပ်ကို ချွတ်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားရဲ့ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ဟာ ပရိသတ်တွေကြားမှာ ပြိုင်ပွဲအတွက် ၎င်းရဲ့ အံ့မခန်း စိတ်ဓာတ်နဲ့ ရူးသွပ်မှုကို ချီးကျူးစရာဖြစ်ခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးက "သူ့ပုံစံက အမြဲတမ်း ဘယ်တော့မှ စိတ်လှုပ်ရှားတာ ဒါမှမဟုတ် ပင်ပန်းနေတဲ့ပုံစံမျိုး မပေါက်ဘူး"လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ကာစီကို နောက်ထပ် ၃၊ ၄ နှစ်လောက် ငါတို့နဲ့ အတူတူနေဖို့ မျှော်လင့်တယ်။ သူ့ရဲ့ စိတ်ဓာတ်က ထိပ်တန်းဖြစ်ပြီး သူ့ရဲ့စိတ်ဓာတ်ကို ငါတို့ရဲ့ လူငယ်ကစားသမားတွေဆီကို ဖြန့်ဝေပေးဖို့ လိုအပ်တယ်"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က