ကျန်းမာတုန်း မြေးတွေနဲ့ စိတ်ကြိုက်သာ မှည့်ပေတော့တဲ့။

ဟဲလေးကတော့ ဖခင်လိုချင်တဲ့ လက်ဆောင်ပေးလိုုက်ရလို့ ပျော်နေပါတယ်။ အဖေကျန်းမာတုန်း မြေးလေးတွေ တင်ပြီး စိတ်ကြိုက်မှည့်ပေးတော့ဆိုပြီး ပြောထားပါသေးတယ်။

 

Photo : ဟဲလေး

အဆိုတော် ဟဲလေးကတော့ ကားအလွန်ချစ်တဲ့ ဖခင်ကြီးအတွက် ကားတစ်စီး လက်ဆောင်ပေးလိုက်တာပါ။ ကားလက်ဆောင်ရလို့ ဟဲလေးရဲ့ အဖေလည်း ပျော်နေသလို ဟဲလေးတစ်ယောက်လည်း ပျော်လို့နေပါတယ်။

“ကားအလွန်ချစ်သော..အဖေ❣သူအလွန်ချစ်သော...ကားကြီးရသွားသောအခါကဲ...အဖေကျန်းမာတုန်း..မားသားကြီးနဲ့မြေးတွေ

တင်ပြီးတော့..စိတ်ကြိုက်သာ..မှည့်ပေတော့” ဆိုပြီး ဟဲလေးက ဇွန်လ(၂၆) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဟဲလေး

ဖခင်အပေါ် သိတတ်လွန်းတဲ့ ဟဲလေးအတွက် ပရိသတ်တွေကလည်း ဂုဏ်ယူနေသလို အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကလည်း ဟဲလေးအတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

ဟဲလေးကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်လိုက် ရလာတဲ့ ငွေကြေးတွေကို လှူလိုက်တန်းလိုက်ပါပဲ။ ဖျော်ဖြေပွဲ မရှိတဲ့ အချိန်တွေမှာလည်း ဘုရားတရားတွေ လုပ်ဖြစ်နေတာတွေ့ရပါတယ်။သီချင်းရေးတဲ့အပိုင်းမှာရော သီချင်းဆိုတဲ့ အပိုင်းမှာပါ အောင်မြင်မှု ရရှိထားပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ ဟဲလေးက လက်ရှိမှာ နယ်ရှိုးပွဲတွေ ဆက်တိုက်ဆိုသလို ဖျော်ဖြေနေရတာ တွေ့ရပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူး။

 

Photo : ဟဲလေး

 သာယာတဲ့ မိသားစုလေးကို တည်ထောင်ထားပြီး သူချစ်တဲ့အနုပညာများကို ဖန်တီးနေသူ ဖြစ်ပါတယ်။ ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။ ရည်စားမဖြစ် ခင် (၆)နှစ်၊ ရည်းစားဖြစ်ပြီး (၈)နှစ်နဲ့ အိမ်ထောင်သက်က(၁၀)နှစ် ပါတဲ့။ အိမ်ထောင်သက်(၁၀)နှစ်အတွင်းမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။

Share

Loading Next Article...
က္က