ဘုန်းမောက်ကို အနိုင်ယူခဲ့တဲ့ပွဲမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိုင်း၊ဂျွန်စတုန်းတို့ ဒဏ်ရာကိုယ်စီ ရခဲ့ကြတဲ့အပေါ် ဂွါဒီယိုလာက သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။
ဘုန်းမောက်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းရဲ့ တောင်ပံကစားသမား ဒီဘရိုင်းအနေနဲ့ တံကောက်ကြောဒဏ်ရာ ပြန်လည်ရရှိသွားပြီး ကာလတစ်ခု အနားယူရတော့မယ်လို့ နည်းပြ ဂါွဒီယိုလာက အတည်ပြုပြောခဲ့ကြောင်း BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။
ဒီဘရိုင်းအနေနဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း မန်စီးတီးအတွက် ပြန်ကစားနိုင်တဲ့ ကာလတိုလေးအတွင်းမှာပဲ အခုလို ဒဏ်ရာ ပြန်ရသွားတာပါ။ “တံကောက်ကြော ကြွက်သား ဒဏ်ရာ ပြသနာရှိခဲ့ပါတယ်၊ ကာလတစ်ခုတော့ ပြန်အနားယူရပါမယ်” လို့ ဂွါဒီ ယိုလာက အတည်ပြု ပြောခဲ့တာပါ။
အဆိုပါ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး မာရက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ အဆိုပါပွဲ ဒုတိယပိုင်း ပြန်အစ ၂ မိနစ်လောက်မှာ အခြားနောက်ခံလူ တစ်ဦးဖြစ်တဲ့ ဂျွန်စတုန်းလည်း ဒဏ်ရာရသွားလို့ လူစားလဲခဲ့ရပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ပြသနာအပေါ် - “ ၉၃ ရက် အတွင်းမှာ ၂၅ ပွဲထိ ကစားခဲ့ရပါတယ်။ ဒါက ၃ ရက်ကို ၁ ပွဲနှုန်းလောက်ရှိနေပါတယ်။ ဒါကြောင့် ခန္ဓာာကိုယ်က ပြန်လည်သန်စွမ်းအောင် လုပ်ဖို့ အချိန်မလုံလောက် ဖြစ်ပါတယ်။ တခါတရံမှာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေက လိုက်ပါ မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေနဲ့ အခု ရင်ဆိုင်နေရတာပါ။” လို့ ဂွါဒီယိုလာက ဆက်လက် ရှင်း လင်းပြောခဲ့ပါသေးတယ်။
မန်စီးတီးအသင်းကတော့ ဘုန်းမောက်ကို နိုင်ခဲ့တဲ့ ပွဲနဲ့အတူ တစ်ဖက်က လီဗာပူးရဲ့သရေပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၁ နေရကို ရယူထားနိုင်ပြီ ဖြစ်ပြီး လာမယ့်အပတ်မှာတော့ ဝက်ဖို့ဒ်အသင်းနဲ့ ဆက်လက်ကစားရပါမယ်။