ဗန်ဟားလ်က ကြေညာခဲ့တာပါ။

နယ်သာလန်လက်ရွေးစင်အသင်းဟာ ကာတာနိုင်ငံမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကိုလည်း ဖိတ်ခေါ်သွားမှာဖြစ်တယ်လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။



နယ်သာလန်လက်ရွေးစင်နည်းပြ ဗန်ဟားလ်ဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ကစားသမားစာရင်းကိုလည်း မနေ့က ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် နယ်သာလန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဗန်ဟားလ်က အခုလိုပဲ ကာတာနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ဗန်ဟာလ်းက “အရင်ဆုံးအနေနဲ့ ကျနော်တို့ ကာတာကို ကမ္ဘာ့ချန်ပီယံဖြစ်ဖို့အတွက် သွားမှာပါ။ ဒါပေမယ့် ဘောလုံးရဲ့ အခြားတဖက်ကိုလည်း ကျနော်တို့ မျှော်ကြည့်ရပါမယ်။ ကမ္ဘာ့ဖလားအတွက် ပါဝင်အားထုတ်ခဲ့သူတွေနဲ့ တွေ့ဆုံဖို့အတွက် အရေးကြီးတာကိုလည်း ကျနော်တို့ သိရှိထားပါတယ်။ အဲ့ဒီနောက် သူတို့ကို ကျနော်တို့ရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကို ဖိတ်ခေါ်သွားမှာပါ”

“ဒါက သူတို့အတွက် ကောင်းမွန်တဲ့အမှတ်တရတခု ဖြစ်လာပါလိမ့်မယ်။ ဒီလိုမျိုး လုပ်ရတာက အခက်အခဲတွေကြားထဲကနေ ကြံဖန်ပြီး ကြိုးစားရမှာပါ။ ဘာကြောင့်လဲဆိုတော့ သာမန်အားဖြင့် ဒီလိုကိစ္စမျိုးက လုပ်လေ့လုပ်ထမရှိလို့ပါ။ ဒီလိုမျိုး တွေ့ဆုံတယ်ဆိုတာကလည်း နယ်သာလန်လက်ရွေးစင်အသင်းရဲ့ သူတို့အပေါ်ထားတဲ့ အတွေးဆန္ဒကို ဖော်ပြချင်ရုံပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားအတွက် ကွင်းတည်ဆောက်ရေးစီမံကိန်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ထားတယ်လို့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မျိုးမှာ နယ်သာလန်က အခုလိုမျိုး ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံတာဟာ သွယ်ဝိုက်သောနည်းလမ်းနဲ့ အလုပ်သမားတွေဘက်က ရပ်တည်ပြခြင်းဖြစ်တယ်လို့ ပရိသတ်အချို့က ယူဆနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က