စျေးတွေက တပွဲပြီးတပွဲ၊ တဆင့်ပြီးတဆင့် တက်နေတာပါ။

ကာတာနိုင်ငံမှာရှိတဲ့ ဟိုတယ်တွေမှာ ကမ္ဘာ့ဖလားကာလအတွင်း ဘီယာရောင်းချဖို့အတွက် စျေးနှုန်းတွေ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်အချို့ကတော့ ကာတာနိုင်ငံရဲ့ နေထိုင်စားသောက်စရိတ်တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာသာ တည်းခိုရင်း ကမ္ဘာ့ဖလားပွဲစဥ်တွေကိုကြည့်ရှုဖို့ ပြင်ဆင်နေကြပါတယ်။



လက်ရှိထွက်ပေါ်လာတဲ့စျေးနှုန်းတခုအရ ကာတာနိုင်ငံက The Marriott ဟိုတယ်ရဲ့ဘားမှာ ဘီယာသောက်သုံးဖို့အတွက် ပရိသတ်တွေအနေနဲ့ (၄၈) ပေါင် ကုန်ကျမှာဖြစ်ပါတယ်။ ဒီ (၄၈) ပေါင်မှာ ပရိသတ်တွေအနေနဲ့ သုံးခွက်သောက်သုံးနိုင်မှာဖြစ်ပြီး Budweiser, Corona ဒါမှမဟုတ် ဝိုင်တခွက်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဒီစျေးနှုန်းကလည်း အုပ်စုပွဲစဥ်ကာလအတွင်း စျေးနှုန်းသာဖြစ်ပါတယ်။ ရှုံးထွက်အဆင့်ရောက်ရင်တော့ ဒီ့ထက် စျေးပိုတက်လာမှာဖြစ်ပါတယ်။ ရှုံးထွက်အဆင့်အတွက်တော့ ပရိသတ်တွေက အထက်ပါရွေးချယ်မှုအတွက်ပဲ ပေါင် (၁၈၀) အထိ ကုန်ကျမှာပါ။ ဆီမီးဖိုင်နယ်နဲ့ဗိုလ်လုပွဲမှာတော့ ပေါင် (၂၄၀) အထိ စျေးတက်သွားမှာဖြစ်ပြီး တခွက်စာအတွက် ပေါင် (၈၀) အထိ ကျသင့်မယ့် အနေအထားကို ရောက်ရှိသွားမှာပါ။

ဒါ့အပြင် ဒီငွေပမာဏဟာ ပွဲတပွဲချင်းစီအတွက်ပဲဖြစ်ပြီး နောက်ထပ်ပွဲတပွဲ ဆက်ကစားချိန်မှာ ပိုက်ဆံထပ်ပေးရမှာဖြစ်ပါတယ်။ ကာတာနိုင်ငံက Sports Bar အများစုမှာ ဘီယာသောက်သုံးခွင့်ဘောင်ချာပါဝင်တဲ့ ဝင်ခွင့်အတွက် စတာလင် (၃၅) ပေါင်ကနေ ပေါင် (၁၀၀) အထိ အသီးသီး တန်ကြေးရှိပါတယ်။ ကာတာနိုင်ငံဟာ ဘာသာရေးအရ အရက်ဘီယာသောက်သုံးခြင်းကို တင်းကျပ်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်တာကြောင့် ဒါက

အဲ့ဒါကြောင့်လည်း သူတို့ဆီမှာ အရက်ဘီယာအတွက် အခွန်အခက တော်တော်လေးကို မြင့်မားပြီး ကမ္ဘာ့အခွန်အမြင့်မားဆုံး နိုင်ငံတွေထဲက တခုအဖြစ် ပါဝင်နေပါတယ်။ ဒါ့အပြင် ဒီပမာဏကို အသုံးပြုဖို့ ပရိသတ်တွေဆီမှာ အခက်အခဲရှိလာနိုင်ပြီး ဒီလိုမျိုး ဘီယာစျေးနှုန်းကြီးမြင့်နေတဲ့အပေါ် ပရိသတ်တွေကလည်း ဝေဖန်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က