သူ့ရဲ့ကျန်ရစ်သူ သားသမီးတွေက ဖွင့်ဟခဲ့တာပါ။

မိုရှာရက်ဖ်ဟော့ဆင်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) မှာ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလား ကွင်းတည်ဆောက်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေချိန်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အဆိုပါပုဂ္ဂိုလ်ဟာ အပူချိန်လွန်ကဲမှုဒဏ်အောက်မှာ အလုပ်လုပ်ခဲ့ရပြီး ဒီအကြောင်းတွေကိုလည်း ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့သား အဗ္ဗဒက်စ်ဆလမ်က ပြန်ပြောင်း ပြောပြလာပါတယ်။



ဆလမ်က “အဖေက ကျနော်တို့ မိသားစု ပျော်ရွှင်ဖို့နဲ့ အနာဂတ်အတွက်ပဲ စဥ်းစားခဲ့တာပါ။ သူက ပိုမိုကောင်းမွန်တဲ့ လုပ်ခရဖို့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ကာတာကို ထွက်သွားခဲ့တာပါ။ ဒါပေမယ့် သူ ကွင်းတည်ဆောက်ရေးလုပ်ငန်းမှာ အလုပ်ရပြီးချိန်ကျတော့ ကျနော်တို့ကို ပြောပါတယ်။ လခကောင်းကောင်းမရတဲ့အကြောင်းနဲ့ အသက်ရှင်သန်ဖို့တောင် ခက်ခဲတဲ့အကြောင်းပေါ့”

“သူပြောသမျှက ကာတာမှာ အရမ်းဒုက္ခရောက်ရတဲ့အကြောင်းချည်းပဲ။ အရမ်းပူတယ်၊ သူ အဲ့ဒီအပူဒဏ်ကို မခံနိုင်ဘူးဆိုပြီးတော့ပေါ့” လို့ ဖွင့်ဟခဲ့ပါတယ်။ ဟော့ဆင်ရဲ့သမီးဖြစ်သူကလည်း “အဖေက တော်တော်လေး ဒုက္ခရောက်ခဲ့ပါတယ်။ အလုပ်ကလည်း ပင်ပန်းခဲ့ပေမယ့် သူက ကျမတို့ကို ဘယ်တုန်းကမှ မနာကျင်စေခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဆလမ်က “အဖေ ကွယ်လွန်သွားတာက Heart Attack ဖြစ်လို့ ဒါမှမဟုတ် လေဖြတ်လို့ဆိုပြီး ပြောပါတယ်”

“ဒါပေမယ့် ကျနော်တို့ ဒါကို မယုံကြည်ပါဘူး။ သူတို့ဘက်က ကျနော့်အဖေ ဘယ်လို သေဆုံးခဲ့ရလဲဆိုတာကို ဒီထက်ပိုပြီး မပြောပြချင်ကြပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဟော့ဆင်ရဲ့ သေစာရင်းမှာ Heart Attack ခံစားခဲ့ရပြီး ကျောက်ကပ်က အလုပ်မလုပ်တော့ကြောင်း ရေးသားဖော်ပြထားပါတယ်။ ကာတာနိုင်ငံရဲ့ နွေရာသီမှာ အပူချိန်က (၁၂၀) ဒီဂရီဖာရင်ဟိုက်အထိရှိပြီး ဟော့ဆင် မသေဆုံးခင်တရက် (၂၀၁၈) ခုနှစ် သြဂုတ်လ (၈) ရက်နေ့ရဲ့ အပူချိန်က (၁၁၅) ဒီဂရီဖာရင်ဟိုက်အထိ ရှိခဲ့ကြောင်း သိရှိရပါတယ်။

ဟော့ဆင်ဟာ (၂၀၁၄) မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကာတာနိုင်ငံကို ပြောင်းရွှေ့နေထိုင်ကာ ကမ္ဘာ့ဖလားစီမံကိန်းတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ ဟော့ဆင်အတွက် လျော်ကြေးအဖြစ် သူ့ရဲ့အလုပ်ရှင်ကသာ အမေရိကန်ဒေါ်လာ (၆၈၆) ဒေါ်လာကို မိသားစုအတွက် ပေးအပ်ခဲ့ပြီး ကာတာအစိုးရဘက်ကတော့ ဘာလျော်ကြေးမှ မပေးခဲ့ပါဘူး။ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလားစီမံကိန်းတွေမှာ ပါဝင်လုပ်ကိုင်ရင်း သေဆုံးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ကလည်း (၆,၅၀၀) ဝန်းကျင်ရှိနေပြီလို့ သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က