ပလာတီနီရဲ့ပါဝင်ပတ်သက်မှုတွေကို ဖွင့်ချခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာကို အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်ခဲ့တာဟာ အမှားအယွင်းတခုဖြစ်ခဲ့တယ်လို့ ဖီဖာဥက္ကဟောင်းကြီးဆပ်ဘလတ္တာက ဖွင့်ဟလိုက်ပါတယ်။ ဘလတ္တာကတော့ ဖီဖာဥက္ကဌရာထူးကို သူ ရယူခဲ့ချိန်မှာ နာမည်ကျော်ထင်ရှားခဲ့သူဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ လာဘ်စားမှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး နာမည်ပျက်ခဲ့သူဖြစ်ပါတယ်။ 

လာဘ်စားမှုတွေရှိခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေခဲ့ပေမယ့်လည်း ကာတာကို ရွေးချယ်ခဲ့တဲ့အပေါ် ဝေဖန်မှုအများအပြားရှိနေခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့အတွက် ရွှေ့ပြောင်းလုပ်သားတွေကို ခေါ်ယူခဲ့ရာမှာ ကာတာက ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့တယ်လို့ အဖွဲ့အစည်းအများအပြားကလည်း စွပ်စွဲခဲဲ့ပါတယ်။ 

၂၀၁၀ တုန်းက အိမ်ရှင်နိုင်ငံကို ဆန္ဒမဲပေးရွေးချယ်ခဲ့ရမာှာ ၁၄-၈ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အမေရိကန်ကို ကာတာက ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်သတင်းစာ Tages-Anzeiger နဲ့ အင်တာဗျူးမှာ ဘလတ္တာက "ကျနော့်အတွက်ကတော့ ရှင်းပါတယ်၊ ကာတာက အမှားတခုပါပဲ၊ ဒီရွေးချယ်မှုက ဆိုးရွားပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

"စီမံခန့်ခွဲရေးကော်မတီက အမှန်တကယ်သဘောတူထားခဲ့တာက ရုရှားကမ္ဘာ့ဖလားပြီးရင် ၂၀၂၂ အမေရိကန်ကမ္ဘာ့ဖလားဖြစ်သင့်တယ်ဆိုတာပါ၊ ကာတာက အရမ်းသေးငယ်တဲ့နိုင်ငံလေးပါ၊ ဘောလုံးနဲ့ ကမ္ဘာ့ဖလားက သူတို့အတွက် အရမ်းကြီးမားလွန်းပါတယ်၊ ပလာတီနီနဲ့ သူ့ရဲ့အဖွဲ့က ကာတာကို မဲပေးခဲ့ပြီး သူတို့က အဲဒီမှာ ဖြစ်စေချင်ခဲ့တာပါ၊ အဲဒါ အမှန်ပါပဲ"

"သူတို့ကို Elysee နန်းတော်က ဖိတ်ကြားခဲ့တဲ့အကြောင်း ပလာတီနီက ကျနော့်ကို ပြောခဲ့ပါတယ်၊ အဲဒီမှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆာကော်ဇီလည်းပါဝင်ခဲ့ပြီး ကာတာမင်းသားနဲ့ နေ့လည်စာစားသုံးခဲ့ပါသေးတယ်၊ အဲဒီမှာ ဆာကော်ဇီက ကမ္ဘာ့ဖလားကို ဒီမှာ ကျင်းပခွင့်ရရင် မင်းတို့ဘာလုပ်ပေးနိုင်မလဲလို့ ပြောခဲ့ပါတယ်၊ ပိုက်ဆံကိစ္စပေါ့ဗျာ၊ ၆ လအကြာမှာ ကာတာက ပြင်သစ်အတွက် ဒေါ်လာ ၁.၄၆ ဘီလီယံတန်တဲ့ ဖိုက်တာဂျက်လေယာဉ်တစီး ဝယ်ပေးခဲ့ပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။


Share

Loading Next Article...
က္က