ဘရာဇီးလ်နဲ့ဂိုးမရှိသရေကျပြီးနောက် သေချာသွားခဲ့တာပါ။

ဒါဟာ မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာဖွယ်ရှိနေသလို ဆုဖလားကိုင်မြှောက်ခွင့်ရမယ့် နောက်ဆုံးသောအခွင့်အရေးလည်း ဖြစ်လာခဲ့ပါတယ်။


ဘရာဇီးလ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် အာဂျင်တီးနားအသင်းလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ သရေတမှတ်သာလိုအပ်တော့တဲ့ အာဂျင်တီးနားက သူတို့လိုချင်တဲ့ ရလဒ်ထွက်အောင်ကစားနိုင်ခဲ့ပြီး ဒါဟာ မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာဖွယ်ရှိနေသလို ဆုဖလားကိုင်မြှောက်ခွင့်ရမယ့် နောက်ဆုံးသောအခွင့်အရေးလည်း ဖြစ်လာခဲ့ပါတယ်။



၁၃ ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အာဂျင်တီးနားဟာ ၂၀၁၄ ပြိုင်ပွဲတုန်းက ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး အနီးစပ်ဆုံးအနေအထားကို ရောက်ပြီးမှ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ကိုပါအမေရိကဖလားကို ရယူပြီးနောက် ဒီကမ္ဘာ့ဖလားက မက်ဆီအတွက် အဓိကအကျဆုံးပစ်မှတ်ဖြစ်လာမှာလည်း သေချာပါတယ်။ 

တောင်အမေရိကဇုန်မှာ အာဂျင်တီးနားက ရှုံးပွဲမရှိစံချိန်ကို ရရှိထားပြီး ဘရာဇီးလ်နဲ့ စံချိန်တူညီနေတာဖြစ်ပါတယ်။ ဘရာဇီးလ်နဲ့ပွဲမှာ မက်ဆီ ပွဲအစအဆုံးပါဝင်ကစားခဲ့ပြီး ဂိုးတော့မသွင်းယူနိုင်ခဲ့ပါဘူး။ ဒဏ်ရာပြသနာကနေ ပြန်လည်သက်သာလာတဲ့ မက်ဆီက ခြေစစ်ပွဲတလျှောက် ၆ ဂိုးသွင်းယူပေးထားပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့် ၃ နေရာရှိနေခဲ့ပါတယ်
။ 


မက်ဆီက ကာတာကို သွားဖို့ သေချာသွားခဲ့ပြီဖြစ်ပေမယ့် တဖက်မှာတော့ ရော်နယ်ဒိုက ပေါ်တူဂီနဲ့အတူ ပလေးအော့အဆင့်ကစားရဦးမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးအတွက် ဒီကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးအကြိမ်ဖြစ်လာဖို့ရာ တော်တော်လေးနီးစပ်နေတာကြောင့် နှစ်ဦးစလုံးကို ပြိုင်ပွဲမှာမြင်တွေ့ရဖို့ ပရိသတ်တွေက ဆန္ဒရှိနေပြီး မက်ဆီကတော့ အရောက်လှမ်းနိုင်ခဲ့ပြီး ရော်နယ်ဒိုသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က