သရေကျရုံနဲ့ ကာတာကိုသွားခွင့်လက်မှတ်ရရှိတော့မယ့် ပေါ်တူဂီဟာ ဆာဘီးယားကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
ဆာဘီးယားကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် ပလေးအော့ကစားရဖို့ရှိနေပေမယ့် ပေါ်တူဂီဟာ ကာတာကို သေချာပေါက်သွားခွင့်ရလိမ့်မယ်လို့ နည်းပြဖာနန်ဒိုဆန်းတို့စ်က ပြောဆိုလိုက်ပါတယ်။ သရေကျရုံနဲ့ ကာတာကိုသွားခွင့်လက်မှတ်ရရှိတော့မယ့် ပေါ်တူဂီဟာ ဆာဘီးယားကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
အုပ်စုဒုတိယနေရာသာ ရခဲ့လို့ ပေါ်တူဂီဟာ မတ်လအတွင်း ပလေးအော့ကစားရဖို့ရှိနေပြီး ဒါဟာ ပြိုင်ပွဲကြီးတွေမှာဆိုရင် အမြဲတမ်းလိုလို အခြားအသင်းကြီးတွေ တိုက်ရိုက်ဝင်ကစားခွင့်မရဘဲ နောက်ထပ်အဆုံးအဖြတ်ပွဲကန်ရတဲ့ ပေါ်တူဂီရဲ့ အစဉ်အလာလည်းဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ပေါ်တူဂီအသင်းသားတွေအားလုံး စိတ်ပျက်ခဲ့ရပေမယ့် ဆန်းတို့စ်ကတော့ ကမ္ဘာ့ဖလားပွဲကို ဝင်နွှဲရမယ်လို့ ယုံကြည်နေပတယ်။
"ဒီပွဲကိုအနိုင်ရဖို့ ကျွန်တော်တို့ စီစဉ်ခဲ့တာပါ၊ ဒါက ကျွန်တော်တို့ရဲ့ ရှုထောင့်ဖြစ်ပါတယ်၊ ပေါ်တူဂီပရိသတ်တွေ ဝမ်းနည်းနေမယ်ဆိုတာသိပါတယ်၊ ကျွန်တော်တို့ထက်တော့ ပိုမယ်မထင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့အသင်း ကာတာကို သွားရပါလိမ့်မယ်၊ ဒါကို ကျွန်တော်အာမခံပါတယ်၊ ပလေးအော့ကစားဖို့ကျန်နေသေးပြီးတော့ ကျွန်တော့်လက်ထက်မှာ ပေါ်တူဂီက ပလေးအော့ပွဲတွေ မကစားဖူးပေမယ့် ပြိုင်ပွဲ ၃ခု မှာ ကစားဖူပြီး မရှုံးဖူးပါဘူး၊ နောက်ထပ်တစ်ကြိမ် ကျွန်တော်တို့ ဒါကိုထပ်လုပ်ပြပါမယ်" လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆန်းတို့စ်က ပြောဆိုသွားခဲ့ပါတယ်။
ပလေးအော့ပွဲစဉ်တွေအတွက်ကိုတော့ မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပြီး ဒီနေ့ကစားမယ့် ပွဲတွေအပြီးမှာ ဘယ်အသင်းတွေကစားရမလဲဆိုတာ အဖြေထွက်လာမှာဖြစ်ပါတယ်။