ပလေးအော့အဆင့်မှာ ဆီနီဂေါနဲ့ အီဂျစ်တွေ့ဆုံနေတာပါ။

အာဖရိကဇုန် ကမ္ဘာ့ဖလား Play-off နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ထုတ်ပြန်ခဲ့ရာမှာတော့ အီဂျစ်နဲ့ ဆီနီဂေါတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ စုစုပေါင်းအသင်း ၁၀ သင်းက အဆုံးအဖြတ်ပွဲတွေကို နွှဲကြရမှာဖြစ်ပြီး ဂါနာ-နိုင်ဂျီရီးယား၊ မာလီ-တူနီးရှား၊ ကွန်ဂို-မော်ရိုကို၊ ကင်မရွန်း-အယ်လ်ဂျီးရီးယားတို့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ 

ဒီလိုတွေ့ဆုံမှုဟာ လာမယ့် ၂၀၂၂ ကာတာကမ္ဘာဖ့လားပြိုင်ပွဲကြီးမှာ မာနေး နဲ့ ဆာလာတို့ နှစ်ဦးထဲက တဦးကိုသာ မြင်တွေ့ရတော့မယ့် အဓိပ္ပာယ်လည်းဖြစ်လာခဲ့ပါတယ်။ အာဖရိကရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံထားရသူနှစ်ဥိးဟာ လီဗာပူးလ်အသင်းဖော်တွေဖြစ်နေကြပေမယ့် အခုအခါမှာတော့ ကာတာကို အရောက်သွားဖို့အတွက် အပြိုင်အဆိုင်အနိုင်ကြဲရတော့မှာဖြစ်ပါတယ်။


လီဗာပူးလ်မှာလည်း အဓိက ကစားသမားအဖြစ် သူတို့နှစ်ဦးစလုံးက ခြေစွမ်းပြနေပြီး ခင်မင်ရင်းနှီးသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ မိခင်နိုင်ငံအသင်းအတွက် ချစ်ခြင်းတရားတွေကို ဘေးဖယ်ထားပြီး ပြိုင်ဘက်တွေအဖြစ် တွေ့ဆုံရမှာက ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေခဲ့သလို ဘယ်သူကျန်နေရစ်မလဲဆိုတာကို အားလုံးက သိချင်စိတ်ပြင်းပြနေပြီလည်းဖြစ်ပါတယ်။ 

လာမယ့် မတ်လ ၂၃ ရက်နေ့ နဲ့ ၂၉ ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲမှာလည်း ဆီနီဂေါနဲ့ အီဂျစ်တို့ ကျန်ရှိနေသေးပြီး ထိပ်တိုက်တွေ့ဆုံနိုင်ဖွယ်လည်း ရှိနေကာ တကယ်လို့သာ ရင်ဆိုင်ခဲ့ရမယ်ဆိုရင်တော့ ကမ္ဘာ့ဖလား Play-off ပွဲစဉ်မတိုင်ခင် အခြားပွဲစဉ်တပွဲကို ကြည့်ရှုရဖို့ ဖြစ်လာမှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က