ပြန်အရွေးချယ်ခံရချိန်မှာ ခြေစွမ်းပြကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူးကြီးအိုလီဗာဂီရော့ဒ်ကတော့ လက်ရွေးစင်အသင်းမှာ တကျော့ပြန်ရွေးချယ်ခံရပြီးပြီးချင်းပဲ ခြေစွမ်းပြခဲ့ပါပြီ။ ဩစတြီးယားကို ၂-၀ နဲ့ ပြင်သစ်က အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ဂီရော့ဒ်က တဂိုးသွင်း၊ တဂိုးဖန်တီးပေးခဲ့ပြီး ရလဒ်တွေဆိုးရွားနေတဲ့ နိုင်ငံအသင်းကို ရလဒ်ပြန်ကောင်းလာအောင် ကူညီနိုင်ခဲ့ပါတယ်။ 

အသက် ၃၅ နှစ်အရွယ် ဂီရော့ဒ်က ပြင်သစ်အတွက် မကစားပေးရတာ အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဘန်ဇီမာဒဏ်ရာရရှိသွားပြီး ဂီရော့ဒ်ကလည်း အေစီမီလန်အတွက် ခြေစွမ်းပြနေချိန်မှာ ဒက်ချမ့်စ်က သူ့ တပည့်ဟောင်းကို ပစ်ပယ်ထားလို့မရတော့ဘဲ အသင်းအတွက် ပြန်လည်ရွေးချယ်ခဲ့ရပါတယ်။ ဒါဟာ ပရိသတ်တွေကိုယ်တိုင်လည်း ပြန်ခေါ်ဖို့ တောင်းဆိုနေခဲ့မှု အောင်မြင်ခဲ့တာဖြစ်ပါတယ်။ 

ဂီရော့ဒ်ကလည်း ပြန်ရွေးချယ်ခံပြီးနောက် ပထမဆုံးကစားခဲ့တဲ့ပွဲမှာပဲ ခြေစွမ်းပြခဲ့တာပါ။ လက်ရွေးစင်အသင်းအတွက် သူ့ရဲ့ သွင်းဂိုးကလည်း ၄၈ ဂိုးအထိဖြစ်လာခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသူစာရင်းမှာ ထိပ်ဆုံးကိုရောက်ဖို့ ၃ ဂိုးသာ လိုအပ်နေပြီလည်းဖြစ်ပါတယ်။ လက်ရှိပြသနေတဲ့ သူ့ခြေစွမ်းကြောင့်လည်း ဒက်ချမ့်စ်အနေနဲ့ ဂီရော့ဒ်ကို ကာတာဆီ ခေါ်သွားဖို့အတွက်ပါ စဉ်းစားရတော့မှာပါ။ 

ဒီရာသီမှာ အေစီမီလန်အတွက် ၉ ပွဲကစားပေးထားပြီး ၅ ဂိုးသွင်းယူပေးထားတဲ့ ဂီရော့ဒ်က ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အောင်မြင်မှုရခဲ့တုန်းက အဓိကကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူက သွင်းဂိုးတဂိုးမှ မရခဲ့ပေမယ့် အသင်းတိုက်စစ်ပိုင်းမှာ အားထားရသူဖြစ်ခဲ့ကာ နည်းပြဒက်ချမ့်စ်ရဲ့ နည်းစနစ်၊ နည်းဗျူဟာပိုင်းတွေမှာ အသုံးဝင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က