လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး အသင်းတွေက လှုံ့ဆော်မှုတွေလုပ်လာမှာကို စိုးရိမ်နေတာပါ။

မကြာခင်ကျင်းပတော့မယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် အသင်းပေါင်း ၃၂ သင်းကို ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနို နဲ့ ဖက်မာဆာမူရာတို့က ဘောလုံးကိုသာ အာရုံစိုက်ကစားကြဖို့အတွက် စာရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိလို့ ဝေဖန်ပြစ်တင်ခံနေရတဲ့ ကာတာကို ဖိအားပေးမယ့် လုပ်ရပ်မျိုးတွေကို ရှောင်ရှားဖို့လည်း သူတို့က သတိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ကမ္ဘာ့ဖလားကျင်းပဖို့အတွက် ကွင်းသစ်တွေနဲ့ အခြေခံအဆောက်အဦတွေကို တည်ဆောက်နေချိန်အတွင်း ရွှေ့ပြောင်းလုပ်သားထောင်နဲ့ချီကာ သေဆုံးခဲ့ရပါတယ်။ ဒီအတွက်ကြောင့် လာမယ့်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းတွေက ဒီပြသနာတွေကို မီးမောင်းထိုးပြဖို့အတွက် ပြင်ဆင်မှုတွေရှိလာနိုင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွှမ်းမိုးသွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ 

ဒီအတွက်ကြောင့် အင်ဖန်တီနိုက ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ဘောလုံးပွဲတော်ကိုသာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲဖို့နဲ့ အခြားသောပြသနာတွေကို အာရုံမစိုက်ဖို့ တောင်းဆိုခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။ အဆိုပါစာထဲမှာ ပါဝင်တဲ့အကြောင်းအရာတခုကတော့ "လူမျိုး၊ ဇာတိ၊ နောက်ခံ၊ ဘာသာရေး။ ကျား၊မ၊ လိင်စိတ်တိမ်းညွှတ်မှု ဒါမှမဟုတ် နိုင်ငံသားခွဲခြားမှုတွေမရှိဘဲ အားလုံးကို ကြိုဆိုပါတယ်" လို့ ပါဝင်ကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းကလည်း လီဗာပူးလ်နည်းပြကလော့ပ်က အဆိုပါပြောဆိုမှုတွေနဲ့ တူညီတဲ့ ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ "ကစားသမားတွေက တခုခုလုပ်မယ်လို့ မျှော်လင့်နေရတာမျိုးကို ကျနော်သဘောမကျဘူး၊ သူတို့က ဘောလုံးကစားဖို့သွားကြတာပါ၊ ကာတာမှာ ကျင်းပဖို့ ဆုံးဖြတ်ချက်ကို တခြားလူတွေက ချမှတ်ခဲ့တာပါ၊ ဒီတော့ ဝေဖန်ချင်ရင် ဆုံးဖြတ်ချက်ချခဲ့တဲ့သူတွေကို ဝေဖန်ပါ" လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ 

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆန့်ကျင်သူတွေလည်း အများအပြားရှိပါတယ်။ ဂျာမနီက ဘားဆိုင်ပိုင်ရှင်နှစ်ဦးကတော့ ပြိုင်ပွဲကာလအတွင်း သူတို့ဆိုင်တွေမှာ ဘောလုံးပွဲပြသမှာမဟုတ်ဘူးလို့ ကြေညာထားကြောင်း သိရပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေအတွက်လည်း ကွင်းအတွင်းမှာ ကစားသမား သို့ အသင်းတွေရဲ့ ဆန္ဒထုတ်ဖော်ပြသမှုတွေ ရှိလာမယ်လို့လည်း မျှော်လင့်ရပါတယ်။ 


Share

Loading Next Article...
က္က