လိင်ကိစ္စနဲ့ပတ်သက်လို့ ကာတာမှာတားမြစ်မှုတွေရှိနေပါတယ်။

အင်္ဂလန်ပရိသတ်တွေအနေနဲ့ လာမယ့် ကာတာကမ္ဘာ့ဖလားပွဲအတွက် မျိုးစုံသောစည်းကမ်းတင်းကြပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရောက်လေရာအရပ်မှာ အရက်ဘီယာကို အမူးလွန်အောင် သောက်စားပျော်ပါးပြီး ပွဲခံနေကျ အင်္ဂလန်ပရိသတ်တွေအနေနဲ့ ကာတာမှာ သတ်မှတ်နေရာမဟုတ်ဘဲ လူမြင်ကွင်းမှာ သောက်သုံးခဲ့ရင် ထောင်ချခံရမှာပါ။



အခုတခါမှာလည်း ကာတာကိုသွားရောက်မယ့် အင်္ဂလန်ပရိသတ်တွေအနေနဲ့ လက်မထပ်ရသေးဘဲ လိင်ဆက်ဆံခဲ့မယ်ဆိုရင် ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်ခံရမယ်လို့ သတိပေးခံထားရပါတယ်။ ပရိသတ်အားလုံးနဲ့သက်ဆိုင်တဲ့ ဒီစည်းကမ်းအပေါ် ရဲသတင်းရင်းမြစ်က “လင်မယားမဟုတ်ဘဲ ရောက်လာတဲ့ ပရိသတ်တွေအတွက် လိင်ဆက်ဆံခွင့်ဆိုတာ မရှိပါဘူး။ အခုလာမယ့် ကာတာကမ္ဘာ့ဖလားမှာ တညတာပျော်ပါးခွင့် (One-Night Stand) ဆိုတာကို လုံးဝခွင့်မပြုပါဘူး”

“ပါတီပွဲလည်း လုပ်ခွင့်မရှိပါဘူး။ ဒီတော့ ပရိသတ်တွေအနေနဲ့ ထောင်ထဲအထည့်မခံချင်ရင် ဒီစည်းကမ်းတွေကို ခေါင်းထဲထည့်ထားဖို့ လိုအပ်ပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားက ပထမဆုံးအနေနဲ့ လိင်ကိစ္စနဲ့ပတ်သက်လို့ တားမြစ်ပိတ်ပင်မှုတွေရှိပါတယ်။ ပရိသတ်တွေက ဒါတွေအတွက် ကြိုတင်ပြင်ဆင်လာရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံမှာ လက်မထပ်ခင် လိင်ဆက်ဆံမှုက ပြစ်မှုမြောက်ပြီး ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်ခံရနိုင်တဲ့ပုဒ်မနဲ့ တရားစွဲဆိုခံရမှာပါ။ ဒီပြစ်ဒဏ်အတွက် ထောင်ဒဏ်ကို တနှစ်လျှော့ချပေးထားပေမယ့်လည်း ဒါဟာ ပြင်းထန်တဲ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။ ဒါ့အပြင် လိင်တူဆက်ဆံခြင်းကလည်း ကာတာနိုင်ငံမှာ တရားမဝင်လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စအတွက်လည်း ထောင်ဒဏ် (၇) နှစ် အထိ ချမှတ်နိုင်တဲ့ ပုဒ်မရှိနေပါတယ်။

ပရိသတ်တွေကတော့ လူ့အခွင့်အရေးချိုးဖောက်၊ ပိတ်ပင်မှုတွေရှိနေတဲ့ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့် နိုဝင်ဘာ (၂၁) မှာ စတင်ယှဥ်ပြိုင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က