အင်္ဂလန်အသင်းအချင်းချင်းပဲ တွေ့ဆုံစေချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်မြို့ခံပြိုင်ဘက်အသင်းနဲ့ တွေ့ဆုံစေချင်တဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူး၊ စပါး၊ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ အေဂျက်နဲ့ ပေါ်တိုအသင်းတို့ဟာ ၎င်းတို့နဲ့တွေ့ဆုံရမယ့်အသင်းက ဘယ်အသင်းလဲဆိုတာ သိရဖို့ စောင့်ဆိုင်းနေကြပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းအိမ်ကွင်းမှာ အံ့အားသင့်ဖွယ်ပြန်လာနိုင်မှုကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်အသင်းတွေ တွေ့ဆုံစေချင်လဲလို့ မေးမြန်းခဲ့ရာမှာ မော်ရင်ဟိုက RT ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ကတော့ ဘယ်အသင်းမှ ပိုပြီးကြိုက်တာမျိုးမရှိဘဲ အင်္ဂလန်အသင်းတွေ အချင်းချင်းပဲ ပြန်တွေ့စေချင်ပါတယ်။ အင်္ဂလန်အသင်းအချင်းချင်း ၂ ပွဲ ကျွန်တော် ကစားစေမှာဖြစ်ပြီး အဲဒါက ဆီမီးဖိုင်နယ်မှာ အင်္ဂလန် ၂ သင်းပဲ ကျန်ရစ်ခဲ့မယ်ဆိုတဲ့ သဘောပါပဲ။ တကယ်လို့ မဲခွဲရလဒ်က မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်၊ ဒါမှမဟုတ် တော့တင်ဟမ်ဟော့စပါးနဲ့လီဗာပူး အဲဒီလိုမျိုး ကျမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက ဥပမာအနေနဲ့ပါ။ အဲဒါဆို လုံးဝကို ထူးခြားတဲ့ပွဲစဉ်တွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က