နော်ဝေကတော့ ခြေစစ်ပွဲအုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

နာမည်ကျော်လူငယ်တိုက်စစ်မှူးဟာလန်းကို ကာတာမြေမှာ မြင်တွေ့ရတော့မှာမဟုတ်ဘဲ ပရိသတ်တစ်ဦးအဖြစ်နဲ့သာ သူက ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကြည့်ရှုသွားရတော့မှာလည်း ဖြစ်ပါတယ်။


အဝေးကွင်းမှာ နယ်သာလန်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နော်ဝေဟာ ကမ္ဘာ့ဖလားနဲ့လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ ဟော်လန်ကို အနိုင်ရမယ်ဆိုရင် ခြေစစ်ပွဲအောင်မြင်ဖို့အတွက် မျှော်လင့်ချက်ရှိမှာဖြစ်ပေမယ့် နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ဘာဝိန်းနဲ့ ဒီပိုင်းတို့က ဟော်လန်အတွက် အနိုင်ဂိုးတွေသွင်းယူကာ ခြေစစ်ပွဲအောင်မြင်စေခဲ့ပါတယ်။ 

ဒါဟာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲနဲ့ လွဲချော်ခဲ့ပြီးနောက် နယ်သာလန်တို့ ချက်ချင်းပြန်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တဖက်မှာတော့ နာမည်ကျော်လူငယ်တိုက်စစ်မှူးဟာလန်းကို ကာတာမြေမှာ မြင်တွေ့ရတော့မှာမဟုတ်ဘဲ ပရိသတ်တစ်ဦးအဖြစ်နဲ့သာ သူက ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကြည့်ရှုသွားရတော့မှာလည်း ဖြစ်ပါတယ်။ ညကပွဲစဉ်မှာတော့ ဟာလန်းက ဒဏ်ရာကြောင့် ကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။


ဒေါ့မွန်နဲ့အတူ ဂိုးတွေတဒိုင်းဒိုင်းသွင်းကာ ထင်ပေါ်ကျော်ကြားလာခဲ့တဲ့ ကစားသမားကို ဘောလုံးလောကရဲ့ အခမ်းနားဆုံးနဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲကြီးမှာ မြင်တွေ့ခွင့်မရတော့မှာက စိတ်မကောင်းစရာလည်းဖြစ်ပါတယ်။ လေးနှစ်မှ တစ်ကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး လက်ရှိမှာ ဟာလန်းအသက်က ၂၁ နှစ်ဖြစ်နေတာမို့ လာမယ့် ၂၅ နှစ်မှသာ သူ ကမ္ဘာ့ဖလားဝင်ကန်ခွင့်ရမရဆိုတာကို သိရှိနိုင်မှာလည်းဖြစ်ပါတယ်။
 


ကိုယ်တိုင်က ခြေစွမ်းထက်မြက်တဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း အသင်းလိုက်ကစားရတဲ့ ဘောလုံးပြိုင်ပွဲတွေမှာတော့ ဟာလန်းတစ်ယောက်လည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒါဟာ ကမ္ဘာကျော်ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် နိုင်ငံတကာပွဲကြီးတွေကို လုံး၀ကစားခဲ့ဖူးခြင်းမရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့

တောင်ပံကစားသမားဟောင်း ရွိုင်ယန်ဂစ်ကို ပြန်အမှတ်ရစရာလည်းဖြစ်လာခဲ့ရပါတယ်။ 

နော်ဝေဟာ နောက်ဆုံးပွဲစဉ်အထိ ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်ရှိနေခဲ့ပြီး နယ်သာလန်၊ တူရကီတို့နဲ့ အပြိုင်အဆိုင်ဖြစ်နေခဲ့ပါတယ်။ တဖက်မှာတော့ တူရကီက နိုင်ပွဲရရှိသွားခဲ့လို့ ပလေးအော့အဆင့်ကို ဝင်ကစားခွင့်ရရှိခဲ့ပြီး နော်ဝေက အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပြီးနောက် ဟာလန်းအတွက်တော့ ပြိုင်ပွဲကြီး ၂ ခုဆက်တိုက် လွဲချော်မှုဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က