ဘီယာသောက်သုံးခွင့်မရလို့ ဒေါသထွက်နေခဲ့ကြတာပါ။

ကာတာနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲမှာ အီကွေဒေါပရိသတ်တွေကတော့ အသင်းအနိုင်ရဖို့အတွက် စင်ပေါ်မှာ ရေကုန်ရေခမ်းအားပေးခဲ့ကြပါတယ်။ အိမ်ရှင်ပရိသတ်တွေအများကြိးအလယ်မှာ အားပေးခဲ့ကြတာဖြစ်ပြီး အချင်းများမှုအချို့ရှိခဲ့တာကိုလည်း တွစ်တာမှာ မြင်တွေ့ခဲ့ရပြီး ကြီးကြီးမားမားပြသနာဖြစ်ပွားခြင်းမရှိအောင်တော့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

ရာနဲ့ချီတဲ့ အီကွေဒေါပရိသတ်တွေဟာ အသင်းကိုအားပေးနေရင်းနဲ့ပဲ "ငါတို့ ဘီယာလိုချင်တယ်" လို့ သံပြိုင်ဟစ်ကြွေးခဲ့ကြကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ပြိုင်ပွဲမစတင်ခင် ၄၈ နာရီအလိုမှာပဲ ကာတာက ကွင်းအတွင်းနဲ့ ကွင်းပတ်ဝန်းကျင်မှာ အရက်ဘီယာရောင်းချတာမျိုးမပြုလုပ်ဖို့ ပိတ်ပင်ခဲ့တဲ့နောက် ပရိသတ်တွေဟာ ဒီပွဲကို ရိုးရိုးသာ အားပေးခဲ့ကြရတာဖြစ်ပါတယ်။ 



ဒီအပေါ်မှာ ပရိသတ်အများအပြားက ကျေနပ်ခဲ့ခြင်းမရှိဘဲ ဝေဖန်ခဲ့ပေမယ့် ကာတာကတော့ ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပါဘူး။ ဒါကြောင့်လည်း မနေ့ကပွဲမှာ အီကွေဒေါပရိသတ်တွေက ဘီယာအလိုရှိတယ်လို့ သံပြိုင်အော်ဟစ်ခဲ့ကြပြီး အိမ်ရှင်ကာတာရဲ့ ဆုံးဖြတ်ချက်ကို သူတို့ဘက်က လက်မခံကြောင်းနဲ့ သူတို့အလိုရှိတဲ့အကြောင်းကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ 

ပရိသတ်တဦးကတော့ "ဘီယာမပါတဲ့ကမ္ဘာ့ဖလားက ကမ္ဘာ့ဖလားမှမဟုတ်တာ" လို့ ရေးသားပြောဆိုခဲ့ကာ အီကွေဒေါပရိသတ်တွေကို ထောက်ခံခဲ့ပါတယ်။ နောက်တဦးကလည်း "ဒါကြောင့်လည်း ငါ ၂၀၂၂ ကာတာကမ္ဘာဖ့လားကို မသွားတော့တာ" လို့ ရေးသားခဲ့ပါတယ်။ ဘီယာရောင်းချမှုပိတ်ပင်ခဲ့လို့ ဖီဖာနဲ့ စာချုပ်ချုပ်ထားတဲ့ Budwieser ဘီယာကုမ္ပဏီဟာ သူတို့ရောင်းချဖို့ပြင်ဆင်ထားတဲ့ ဘီယာတွေကို ဂိုဒေါင်ထဲပြန်ထည့်ခဲ့ရပြီး စိတ်ပျက်ဖွယ်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ 


Share

Loading Next Article...
က္က