အပြန်အလှန် လှောင်ပြောင်နေကြတာပါ။

ယူနိုက်တက်ကို ကာတာစော်ဘွားတွေ ဝယ်ယူဖို့ ကြိုးစားမှု အဆင်မပြေဖြစ်ခဲ့တဲ့နောက် ဆိုရှယ်မီဒီယာမှာ ကာရေဂါက ဂယ်ရီနဗီးလ်ကို ဝေဖန်လှောင်ပြောင်ခဲ့ပါတယ်။ ယူနိုက်တက်ကို ရောင်းချဖို့ ဂလေဇာမိသားစုက အရောင်းစာရင်းတင်ထားတာပါ။



ယူနိုက်တက်ကို ရာနှုန်းပြည့်ဝယ်ယူဖို့အတွက် ရှိတ်ခ်ဂျာဆင်းမ်ဦးဆောင်တဲ့ ကာတာအဖွဲ့က တောက်လျှောက် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးအကြိမ် ပေါင် (၅) ဘီလီယံနဲ့အထက် ကမ်းလှမ်းမှုကိုပါ ဂလေဇာက ငြင်းဆန်ခဲ့တဲ့နောက် ကာတာတွေဘက်က ယူနိုက်တက်ကို ဝယ်ယူဖို့ကိစ္စရပ်အပေါ် လက်လျှော့သွားပြီလို့ဆိုနေကြတာပါ။
ဒါ့အပြင် ဗြိတိန်ဘီလီယံနာ ဆာဂျင်မ်မီရက်ကလစ်ဖ်က ယူနိုက်တက်ရှယ်ယာတွေရဲ့ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ဘောလုံးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေကို စတင်တာဝန်ယူသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ဂလေဇာက အသင်းကို အလုံးစုံထိန်းချုပ်ထားဆဲဖြစ်ပေမယ့် ရက်ကလစ်ဖ်က ယူနိုက်တက်ကို ဖြည်းဖြည်းချင်း ရာနှုန်းပြည့် လွှဲယူသွားမယ်လို့ သိရပါတယ်။


ယူနိုက်တက်ပရိသတ်တွေနဲ့ နဗီးလ်တို့ကတော့ ရက်ကလစ်ဖ်ကို သဘောကျနှစ်သက်ခြင်းမရှိဘဲ ဝေဖန်မေးခွန်းထုတ်နေတာမျိုးတွေရှိပါတယ်။ နဗီးလ်ဟာ သူ့ရဲ့ တွစ်တာမှာ ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ်နဲ့ ပတ်သက်လို့ မျှော်မှန်းချက်တွေ၊ ရှိထားသင့်တာတွေကို ရေးသားခဲ့ပြီး ကာရေဂါက ဒါကို ပြန်လည် Retweet လုပ်ကာ လှောင်ပြောင်ခဲ့ပါတယ်။

ဒါကိုလည်း နဗီးလ်က “လာမယ့်နှစ်အနည်းငယ်အတွင်း မင်းတို့အသင်းက ပိုင်ရှင်တွေကို ကန်ထုတ်ချင်တဲ့အခါလည်း အခုငါရေးတာတွေကို ယူသုံးလို့ရပါတယ်ကွာ” လို့ ပြန်လည်ရေးသားခဲ့ပါတယ်။ လီဗာပူး အသင်းပိုင်ရှင် ဂျွန်ဟင်နရီ ဦးဆောင်တဲ့ အုပ်စုကလည်း ပရိသတ်တွေရဲ့ ဆန့်ကျင်ဝေဖန်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ရလျက်ရှိပါတယ်။

Share

Loading Next Article...
က္က